မလေးရှားတွင် ခရစ္စမတ် အကြိုနေ့ ဘတ်စ်ကား တိမ်းမှောက်မှုတွင် လူ ၁၄ ဦး သေဆုံး၊ ဒဏ်ရာရရှိသူများအနက် မြန်မာနိုင်ငံသားများ ပါဝင်
| ကျောက်ကမ်းပါးစောက်အတွင်းသို့ ပြုတ်ကျခဲ့သည့် ဘတ်စ်ကားမှ ဒဏ်ရာရ ခရီးသည်များအား ကယ်ဆယ်နေစဉ် (ဓာတ်ပုံ-အင်တာနက်) |
မလေးရှားနိုင်ငံ တောင်ပိုင်းတွင် ယနေ့ (ဒီဇင်ဘာလ ၂၄ ရက်) နံနက် အစောပိုင်းက ခရီးသည်တင် ဘတ်စ်ကား တစ်စီး ကျောက်ကမ်းပါးစောက်အတွင်းသို့ ထိုးကျခဲ့ရာ ယာဉ်မောင်း အပါအဝင် လူ ၁၄ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၁၆ ဦး ရှိခဲ့ကြောင်း၊ ယင်းအနက် မြန်မာ၊ မလေးရှားနှင့် စင်ကာပူနိုင်ငံသားများ ပါဝင်ကြောင်း မလေးရှား နိုင်ငံပိုင် သတင်းအေဂျင်စီ Bernama သတင်းအရ သိရသည်။
ဒေသစံတော်ချိန် နံနက် ၄း၀၀ နာရီ ဝန်းကျင်၌ ဂျိုဟာပြည်နယ် မြောက်-တောင် အမြန်လမ်းမကြီးပေါ်တွင် ဂျွန်ဟာ ဘာရူမှ ကွာလာလမ်ပူသို့ သွားနေသည့် ဘတ်စ်ကား တိမ်းမှောက်ခဲ့ခြင်း ဖြစ်ပြီး ၂၀၁၃ ခုနှစ်က လူပေါင်း ၃၇ ဦး သေဆုံးခဲ့သည့် Genting ကုန်းမြင့်ဒေသတွင် ဖြစ်ပွားခဲ့သည့် ယာဉ် တိမ်းမှောက်မှုပြီးနောက် အဆိုးဝါးဆုံးလည်း ဖြစ်သည်။သေဆုံးသူများအား မည်သူမည်ဝါ ဖြစ်ကြောင်း အတည်ပြုနိုင်ရန် စစ်ဆေးနေဆဲ ဖြစ်သည်။
![]() |
| ကျောက်ကမ်းပါးစောက်အတွင်းသို့ ပြုတ်ကျခဲ့သည့် ဘတ်စ်ကားမှ ဒဏ်ရာရ ခရီးသည်များအား ကယ်ဆယ်နေစဉ် (ဓာတ်ပုံ-အင်တာနက်) |
(Xinhua)
http://xinhuamyanmar.com
