စစ်မှန်တဲ့ ဗုဒ္ဓဘာသာဝင်လူငယ်တစ်ဦးဖြစ်ရန် အခြေခံလိုအပ်ချက်မှာ-
ကမ္မဿကတာသမ္မာဒိဋ္ဌိ= ကောင်းတာလုပ်ရင်
ကောင်းကျိုးရမယ်
ဆိုးတာလုပ်ရင်
ဆိုးကျိုးရမယ် ဆိုတဲ့
အခြေခံဉာဏ်အမြင်မှန်ကြီး ရှိဖို့လိုအပ်ပါတယ်။
ဒီနေရာမှာလည်း အခြားဘာသာများနှင့် ဗုဒ္ဓဘာသာဟာ အရှေ့နဲ့ အနောက် သမုဒ္ဒရာဟိုဘက်ကမ်းနဲ့ ဒီဘက်ကမ်း
မြေပြင်နဲ့ မိုးကောင်းကင်လို ကွဲပြားခြားနားလှပါတယ်။
(သူများဘာသာကို ရှုံ့ချတာမဟုတ်ပါ။
နှိုင်းယှဉ် စဉ်းစားလို့ရအောင်တင်ပြပေးတ
တစ်ခြားဘာသာဘုရားတွေက မင်းတို့လူသားတွေကို ငါဖန်ဆင်းထားတာလို့ ဟောတယ်။
ဗုဒ္ဓကတော့ မင်းတို့လူသားတွေကို
ဖန်ဆင်းထားတာဟာ မင်းတို့ကိုယ်တိုင်ပဲလို့ ဟောတယ်။
သူတို့ဘုရားရှင်တွေဟာ မေတ္တာရှင် ကရုဏာရှင်လည်း မှန်တယ်။
ဖန်ဆင်းတာလည်းမှန်တယ်ဆိုရင်
၁။ အသက်ရှည်တဲ့သူတွေသာ ဖန်ဆင်းသင့်တယ်။
အသက်တိုတဲ့သူတွေဖြစ်အောင် မဖန်ဆင်းသင့်ဘူး။
၂။ အနာရောဂါကင်းတဲ့သူတွေဖြစ်အေ
ဖန်ဆင်းသင့်တယ်။
အနာရောဂါများတဲ့သူတွေဖြစ်အေ
၃။ ရုပ်လှတဲ့သူတွေချည်းဖြစ်အော
ဖန်ဆင်းသင့်တယ်။
ရုပ်ဆိုးတဲ့သူတွေဖြစ်အောင် မဖန်ဆင်းသင့်ဘူး။
၎။ အခြွေအရံများတဲ့သူတွေဖြစ်အေ
ဖန်ဆင်းသင့်တယ်။
အခြွေအရံနည်းတဲ့သူတွေဖြစ်အေ
၅။ ဆင်းရဲတဲ့သူတွေဖြစ်အောင် မဖန်ဆင်းသင့်ဘူး။
ချမ်းသာတဲ့သူတွေဖြစ်အောင်သာ
၆။ အမျိုးယုတ်သူတွေဖြစ်အောင် မဖန်ဆင်းသင့်ဘူး။
အမျိုးမြတ်သူတွေချည်းဖြစ်အေ
၇။ ဉာဏ်ထိုင်းသူတွေဖြစ်အောင် မဖန်ဆင်းသင့်ဘူး။
ဉာဏ်ကောင်းသူတွေချည်းဖြစ်အေ
ဒါတွေကိုထောက်ဆကြည့်လိုက်ရင
တစ်ခြားဘာသာတွေမှာ ကိုးကွယ်သူက ဘုရားဖြစ်ချင်လို့မရဘူး။
ဘုရားဖြစ်အောင်ကျင့်ရမယ့် ကျင့်စဉ်မရှိဘူး။
ဘယ်ရွေ့ဘယ်မျှကြာအောင် ကျင့်ရမည်ဆိုတဲ့
သတ်မှတ်ချက်မရှိဘူး။
ဗုဒ္ဓဘာသာမှာကတော့
ကိုးကွယ်သူက ဘုရားဖြစ်ချင်လို့ ရပါတယ်။
ဘုရားဖြစ်အောင်ကျင့်ရမယ့် ကျင့်စဉ်ရှိတယ်။
ဘယ်ရွေ့ဘယ်မျှကြာအောင် ကျင့်ရမယ်ဆိုတဲ့
သတ်မှတ်ချက်လည်းရှိပါတယ်။
ဒီအချက်နဲ့တင် ဗုဒ္ဓဘာသာဟာ သိပ်စိတ်ဝင်စားစရာကောင်းနေပ
လူသားတွေဟာ မိမိကိုယ်မိမိ ဘယ်လို ဖန်ဆင်းခဲ့သလဲ ဆိုတာကို ဘုရားရှင်က
`ဥပရိပဏ္ဏာသပါဠိတော် စူဠကမ္မဝိဘင်္ဂသုတ်´မှာ
အခုလို ဟောထားပါတယ်။
၁။ သူ့အသက်သတ်သူမှာ အသက်တိုပြီး မသတ်ပဲ
ရှောင်ကြဉ်သူမှာ အသက်ရှည်ပါသည်။
၂။ သူတစ်ပါးကိုညှင်းဆဲသူများ အနာရောဂါများပြီး
သနားစောင့်ရှောက်သူများ အနာရောဂါ ကင်းပါသည်။
၃။ ဒေါသကြီးသူများ အရုပ်ဆိုးပြီး
မေတ္တာထားသူများ ရုပ်လှပါသည်။
၎။ ကိုယ့်ထက်သာတာကို မနာလိုသူများ
အခြွေအရံနည်းပြီး ကိုယ့်ထက်သာတာကို
ဝမ်းမြောက်သူများ အခြွေအရံများပါသည်။
၅။ မပေးလှူသူများ ဆင်းရဲပြီး
ပေးလှူသူများ ချမ်းသာပါသည်။
၆။ အသက်သိက္ခာ ဂုဏ်ဝါကြီးသူတွေကို
မရိုသေသူများ အမျိုးယုတ်ပြီး
ရိုသေသူများ အမျိုးမြတ်ပါသည်။
၇။ မသိတာကို မေးမြန်းသူများ ဉာဏ်ကောင်းပြီး
မသိတာကို မမေးမြန်းသူများ ဉာဏ်ထိုင်းပါသည်
ဒါတွေကိုကြည့်ပြီး ဗုဒ္ဓဘာသာလူငယ်တွေ ပြတ်သားစွာ ယုံကြည်ထားရမှာက အိမ်ထောင်ရေး
စီးပွားရေး လူမှုရေး ကျန်းမာရေး ကိစ္စတွေ အဆင်ပြေတယ်ဆိုတာဟာ ကုသိုလ်ကံကြောင့်ဖြစ်ပြီး အဆင်မပြေတာဟာ
အကုသိုလ်ကံကြောင့်ဆိုတဲ့ အချက်ကိုပါပဲ။
(ဉာဏ်နဲ့ဝီရိယလည်းအထိုက်အလေ
အကျယ်ချဲ့ပြီး ထပ်ဆင့်သိသင့်တာကတော့-
ဗုဒ္ဓဝါဒနဲ့ ဗြဟ္မဏဝါဒကို ခွဲခြားပြီးသိသင့်ပါတယ်။
အဲဒီအကြောင်းကိုတော့ မဖော်ပြတော့ပါဘူး။
[(8-11-13)က ဗုဒ္ဓဝါဒနဲ့ ဗြဟ္မဏဝါဒခွဲခြားပုံဆိုတဲ့
postကို ဖော်ပြပြီးပါပြီ ]
"ဧဟိပဿိကော"
ဗုဒ္ဓဝါဒသည် ယုံကြည်မှုထက် သိမှုနှင့်ရှုမြင်ကိုသာ
အဓိကထားသည်.. ဗုဒ္ဓ၏သွန်သင်ဆုံးမမှု(တရားတေ
"ဧဟိပဿိကော - လာလှည့်ရှုလှည့်"ဟု
ဖိတ်ခေါ်ခြင်းကိုသာပြု၍ "လာပြီးယုံကြည်လော့"ဟု
မဆိုပေ..
Dr.ဒလ်ဗလျူရာဟုလာ
ကိုးကား - အရှင်ဇဝန(မေတ္တာရှင်-ရွှေပြည်
စစ်မှန်တဲ့ ဗုဒ္ဓဘာသာဝင်ကောင်းလူငယ်များ
စေတနာမေတ္တာ အရင်းခံဖြင့်-
Ref-ဓမ္မရေချမ်းစင်
--------------------------
