Our social:

Friday, December 23, 2016

ဇနီးသည်ကလိင်ကိစ္စကို ငြင်းပယ်နေရသည့် အကြောင်းအရင်းများ

အချို့အိမ်ထောင်သည် ယောက်ျားတွေဟာ ဆရာဝန်နဲ့တွေ့တဲ့အခါတိုင်း မိမိဇနီးသည်ဟာ မိမိအပေါ်မှာ ယခင်ကလို ဟက်ဟက်ပတ်ပတ် မရှိတော့ကြောင်း၊ လင်မယားကိစ္စမှာလည်း စိတ်မပါသလို အရုပ်ကြီးတစ်ရုပ်လို ဖြစ်နေကြောင်း၊ သူ အသစ်တစ်ယောက်ကိုများ မျှော်လင့်နေသလား၊ ဖောက်ပြန်နေသလား-ဆိုပြီး မေးတတ်ကြပါတယ်။ ဒါပေမယ့် ဖြစ်နိုင်တဲ့ အဖြေတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ Shwemom ရဲ့ တိုက်ဆိုင်နေတဲ့ အမျိုးသားများရှိရင် ဆင်ခြင်နိုင်ကြပါစေကြောင်း။

(၁) ညည်းငွေ့နေလို့/သူသဘောကျတဲ့ ပုံစံမဟုတ်လို့


ဘာပဲဖြစ်ဖြစ် ထပ်ခါထပ်ခါ ကြုံတွေ့ရတဲ့ကိစ္စဟာ ညည်းငွေ့လွယ်ပါတယ်။ ဒီိကိစ္စမျိုးဆိုတာကလည်း သွေးသားအရ တောင်းဆိုတဲ့အရွယ်ဆိုရင်တောင် ဘယ်သူကမှ ဆက်တိုက်ကြီး မလုပ်နိုင်ပါဘူး။ အမျိုးသမီးဟာ လိင်ကိစ္စကို စောစောက
ပြောသလို သိပ်ပြီးထူးဆန်းတဲ့အရာမဟုတ်တော့ဘူးလို့ မြင်တဲ့အခါ အလိုလို ညည်းငွေ့သွားတတ်ပါတယ်။ နောက်တစ်ခုကတော့ သူတောင့်တနေတဲ့ ဆက်ဆံတဲ့ပုံစံ မဟုတ်တာလည်း ဖြစ်နိုင်ပါတယ်။ အချို့အမျိုးသမီးတွေက အသစ်အဆန်းကို ကြားဖူးနားဝနဲ့ တောင့်တတာမျိုးလည်း ရှိနိုင်ပါတယ်။

(၂) သိပ်ကို မောပန်းလွန်းနေလို့

စိတ်ဖိအားတွေကြောင့်ပဲဖြစ်ဖြစ်၊ ခန္ဓာကိုယ်ပင်ပန်းမှုဒဏ်တွေ များနေလို့ပဲဖြစ်ဖြစ်၊ ဒီကိစ္စမျိုးကို သိပ်ပြီး စိတ်မပါတတ်ပါဘူး။ အမျိုးသားနဲ့ အမျိုးသမီးရဲ့ ကွားခြားချက်က ဒီနေရာမှာ တော်တော်ထင်ရှားပါတယ်။ အမျိုးသမီးတွေဟာ စိတ်မပျော်ဘူး၊ စိတ်မပါတဲ့အချိန်မျိုးမှာ ဒီကိစ္စကို သီးသန့်ဆာလောင်တာမျိုး သိပ်မရှိပါဘူး။ မလွဲမရှောင်သာ အခြေအနေအရသာ ရှိချင် ရှိပါလိ့မ်မယ်။

(၃) အစမပျိုးဘဲ ကိစ္စကိုဆောလျှင်စွာ ပြုမူခြင်း

နောက်တစ်ခုက အမျိုးသားရဲ့ လိင်နဲ့ပတ်သက်တဲ့ ဗဟုသုတ မကြွယ်ဝခြင်းကလည်း ဇနီးသည်ကို စိတ်ပျက်စေပါတယ်။ အထူးသဖြင့် ဒီလိုကိစ္စမျိုးဟာ အချိန်ယူပြီး နှူးနှပ်ပြီးမှ သွားလာရာတာမျိုးဖြစ်ပါတယ်။ ဒါကိုနားမလည်ဘဲ သွားလာပြီးတဲ့ နောက်ပိုင်း တရှိုက်ရှိုက်ငိုနေတဲ့ ဇနီးသည်ကို ဂရုမထား၊ တခေါခေါနဲ့ အိပ်မောကျနေတဲ့ လင်ယောက်ျားတွေ အများကြီး ရှိနိုင်ပါတယ်။

(၄) အသက်အရွယ်နဲ့သွေးသားအရ

အချို့သော အမျိုးသမီးတွေဟာ အသက်(35)နှစ်အရွယ်လောက်မှာ ခန္ဓာဗေဒအပြောင်းအလဲနဲ့ မျိုးရိုးဗီဇအရ လိင်စိတ်
ကုန်ခမ်းသွားတတ်ပါတယ်။ အကြောင်းကတော့ သူမမှာ အရွယ်နဲ့သွေးသားအရ ကိုယ်ဝန်ကို ငြင်းဆန်တဲ့အချိန်ကို ရောက်နေတဲ့အခါမျိုး ဖြစ်နေပါပြီ။ ဒါက ရှားတောင့်ရှားခဲပါဘဲ။ ဒါပေမယ့် ရှိပါတယ်။ မျိုးနဲ့ရိုးနဲ့ကိုယ် ရှိနိုင်ပါတယ်။ များသောအား
ဖြင့်တော့ အသက်(48) နှစ်နောက်ပိုင်းမှ ရာသီလာခြင်း၊ သားဥကြွေခြင်းကိစ္စ ပြီးဆုံးသွားကြတာဆိုပေမယ့် စောစောက
ပြောသလို အသက် (35)နှစ်လောက်နဲ့လည်း ဒီလိုကိစ္စမျိုး စောပြီး ဖြစ်နိုင်တာမျိုးရှိတယ်ဆိုတာ သတိချပ်စေချင်ပါတယ်။

(၅) သူလိုချင်တာ ရနေလို့လား


ဒါကတော့ နောက်ဆုံးအနေနဲ့ စဉ်းစားရမယ့် အချက်ဖြစ်ပါတယ်။ ဒီအချက်မှာ နှစ်မျိုးပါဝင်ပါတယ်။ (၁)အချက်က တစ်ပါးသော ယောက်ျားဆီကနေ သူလိုချင်တဲ့ အရာကို ရနေသလား၊ (၂) အချက်က မိမိဘာသာ အာသာဖြေရင်း တင်းတိမ်ရောင့်ရဲမှု ဖြစ်နေသလားဆိုတာပါဘဲ။ ဒီနည်းကတော့ သွေးသားကုန်ခမ်းလို့ရယ် မဟုတ်။ ထမင်းကို တစ်ဝတစ်ပြဲစားထားလို့
အလွန်နီးကပ်သော အချိန်ကလေးမှာ နောက်တစ်ခါ ထပ်စားဖို့ မဖြစ်နိုင်တော့တဲ့ အခြေအနေနဲ့ တူပါတယ်။ ဒါကိုတော့ မိမိဘာသာ ပွင့်လင်းမှု၊ စူးစမ်းမှု ပညာဉာဏ်နဲ့ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။
Ref-Shwemonမှ ကူးယူဖော်ပြပေးသည်