ဒေသခံတွေရဲ့ ကြဉ်ဖယ်ခြင်းကို ခံရလို့ အသေစောချင်နေရှာတဲ့ အဘွားအို
၁၈၊ ဒီဇင်ဘာ၊ ၂၀၁၆
ဘင်္ဂလားဒေ့ရှ်နိုင်ငံက အဘွားအိုတစ်ဦးဟာ ဒေသခံ ရွာသူရွာသားတွေရဲ့ ကြဉ်ဖယ်မှုကို ခံစားနေရတာကြောင့် အသေစောချင်နေတယ်လို့ သိရပါတယ်။ ဘာဖြစ်လို့လဲဆိုရင် သူမဟာ ခန္ဓာကိုယ် တစ်ပြင်လုံးမှာ အသားပိုတွေ ပြည့်လျှံနေပြီး အခုလိုဖြစ်နေတာဟာလည်း ၁၀ စုနှစ် ခြောက်ခုစာလောက်ရှိနေပြီဖြစ်သလို လူအများက သူမကို အာလူသီး အမျိုးသမီး (Potato Woman) လို့ နာမည်ပြောင် ပေးထားကြပါတယ်။

တကယ်တော့ သူမရဲ့နာမည်အရင်းဟာ
Hosineara Begun ဖြစ်ပြီး ငယ်ငယ်တုန်းကတော့ လျှာအပေါ်ဘက်မှာ ၀က်ခြံတွေနဲ့
မျက်နှာ၊ လည်တိုင်တွေမှာ အဖုသေးသေးလေးတွေသာ ပေါက်နေခဲ့ပေမဲ့ လမ်းဘေး ဆရာဝန်
တစ်ယောက်ဆီမှာ သွားရောက် ဖြတ်တောက်လိုက်ချိန်ကစလို့ ၀က်ခြံအဖုတွေဟာ
ခန္ဓာကိုယ်အနှံ့ ပြည့်နှက်သွားပြီး နောက်ပိုင်းမှာ တချို့အဖုတွေဟာ တင်းနစ်
ဘောလုံးလောက်ကို ရှိလာခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင် မုဆိုးမ ဖြစ်တဲ့
သူမရဲ့ဆိုးရွားတဲ့အခြေအနေကြောင့် ရွာသူရွားသားတွေက ရှောင်ကြဉ်ကြလို့ သူမရဲ့
တစ်ဦးတည်းသော သားလေးရယ်နဲ့ မိသားစုနဲ့ အတူနေထိုင်နေရပါတယ်။
ကြုံတွေ့၊ ခံစားနေရတဲ့
အဖြစ်ဆိုးတွေနဲ့ ပတ်သက်လို့ သူမဟာ ဆုတောင်းမှုတွေ ရှိသလို ငိုယိုနေပြီး
သူမရဲ့ မျက်ရည်စတွေကို လက်နဲ့ ဖယ်သုတ်ရင်းလည်း “ကျွန်မမှာ
နောက်ထပ်မျှော်လင့်နိုင်စရာ မရှိတော့ပါဘူး၊ အလွန်အမင်း စိတ်ဆင်းရဲရတဲ့ဘ၀မှာ
နေထိုင်နေရတယ်၊ အခု ဒီလိုနာကျင်မှု ဝေဒနာကနေ လွတ်မြေက်ချင်တယ်၊ အဲဒါကိုလည်း
ဘုရားသခင်ကသာ အကောင်းမွန်ဆုံး ကူညီပေးနိုင်မှာပါ၊ ဒီလို ကြီးလေးတဲ့
ဒုက္ခကြီးကို ခံစားနေရတာထက် စာရင် သေသွားတာကမှ ပိုကောင်းဦးမယ်”
ဆိုပြီးတော့လည်း ပြောဆိုပါတယ်။