နာမည်ကျော်ဘောလုံးသမားများနဲ့သူတို့ရဲ့လိင်ကိစ္စအရှုပ်အထွေးဇာတ်လမ်းများ
၁၉၊ ဒီဇင်ဘာ၊ ၂၀၁၆
ဒီနေ့မှာတော့ ကွင်းအတွင်းကွင်းအပြင်မှာပါ အစွမ်းပြခဲ့ကြတဲ့ ဘောလုံးသမားကြီးလေးဦးရဲ့လိင်ကိစ္စအရှပ်အထွေးများအကြောင်းကို ဖော်ပြပေးသွားပါမယ်။ ဘယ်ကစားသမားတွေက ဘယ်လိုခြေရှုပ်ခဲ့သလဲဆိုတာကို လေ့လာကြည့်ပါဦးခင်ဗျာ။
ဒီနေ့မှာတော့ ကွင်းအတွင်းကွင်းအပြင်မှာပါ အစွမ်းပြခဲ့ကြတဲ့ ဘောလုံးသမားကြီးလေးဦးရဲ့လိင်ကိစ္စအရှပ်အထွေးများအကြောင်းကို ဖော်ပြပေးသွားပါမယ်။ ဘယ်ကစားသမားတွေက ဘယ်လိုခြေရှုပ်ခဲ့သလဲဆိုတာကို လေ့လာကြည့်ပါဦးခင်ဗျာ။
လန်ဒန်အခြေစိုက်ကလပ်အသင်းကြီးနှစ်သင်းရဲ့ဘယ်နောက်ခံနေရာမှာ အကောင်းဆုံးကစားနိုင်ခဲ့သူ အက်ရှ်လေကိုးဟာ ယခုဆို ဘောလုံးပရိသတ်တွေနဲ့အနည်းငယ်အလှမ်းဝေးရာကို ရောက်နေပါပြီ။ သူရဲ့ခြေစွမ်းနဲ့သူရဲ့ပုံရိပ်ကို သူကိုယ်တိုင်ဖျက်ဆီးခဲ့သူပါ။ နာမည်ကျော်အဆိုတော် ချယ်ရီကိုးနဲ့လပ်ထပ်ဖူးခဲ့တဲ့အက်ရှ်လေကိုးဟာ သူရဲ့ကွင်းပြင်ပခြေရှုပ်တဲ့ဇာတ်လမ်းတွေကြောင့် အိမ်ထောင်ကွဲမလိုဖြစ်ရတဲ့အထိတောင် ဇယားရှုပ်ခဲ့ဖူးသူ တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သူရဲ့အရှုပ်ဇယားတွေအပေါ် ချယ်ရီရဲ့သည်းခံနိုင်စွမ်းဟာ၂၀၁၀ခုနှစ်မှာ ကုန်ဆုံးသွားခဲ့ရပါပြီ။ ချယ်ရီဘက်ကနေ အက်ရှ်လေကိုးကို စတင်ကွာရှင်းခဲ့တောင်းခဲ့ပါတယ်။ အကြောင်းရင်းကတော့ အက်ရှ်လေကိုးရဲ့အိမ်ယာထဲက အမျိုးသမီးတစ်ဦးပြီးတစ်ဦးနဲ့ သူရဲ့စွမ်းရည်ကိုပြသနေခဲ့လို့သာ ဖြစ်ပါတယ်။
မန်ယူနောက်ခံလူဟောင်းနဲ့အင်္ဂလန်အသင်းရဲ့ကပ္ပတိန်ဟောင်းကြီးဖြစ်သူ ဖာဒီနန်ဟာ ပြသာနာပေါင်းအမှုတွဲပေါင်းများစွာနဲ့လည်ပင်းဖက်ပေါင်းသင်းလာရသူပါ။ ၂၀၀၃ ခုနှစ်တုန်းကလည်း ဆေးစစ်ရမှာ တားမြစ်ဆေးသုံးစွဲထားလို့ ရှစ်လအထိပွဲပယ်ခံရဖူးသူအဖြစ် ထင်ရှားခဲ့သလို အရက်မူးကားမောင်းလို့ မကြာခဏဖမ်းဆီးထိန်းသိမ်းခံရသူလည်း ဖြစ်ပါတယ်။ သူရဲ့ဆိုးဝါးအပြုအမှုတွေက ဒီလောက်နဲ့မရပ်တံ့သွားဘဲ လိင်မှုဆိုင်ရာဘက်တွေမှာပါ ပါဝင်လာခဲ့ပါတယ်။ ၂၀၀၀ခုနှစ်လောက်တုန်းကထွက်ရှိသွားခဲ့တဲ့ လိင်ပိုင်းဆိုင်ရာရုပ်ရှင်တစ်ခုမှာ ဖာဒီိနန်ဟာ သူရဲ့ကစားဖော်တွေဖြစ်တဲ့ ဖရန့်လမ်းပတ် | ကီယွန်ဒိုင်ယာတို့နဲ့အတူ ပါဝင်လာခဲ့တယ်လို့ စွပ်စွဲခံရပြီး ၂၀၀၂ခုနှစ်မှာလည်း နိုက်ကလပ်ထဲမှာ အမျိုးသမီးငယ်လေးတစ်ဦးကို လိင်ကိစ္စအတွက်နဲ့ခြိမ်းခြောက်ခဲ့ဖူးသူလို့ ထပ်မံစွပ်စွဲခံရပါတယ်။
လီဗာဘူးကစားသမားဟောင်းတစ်ဦးနဲ့BBC ရဲ့အစီအစဉ်တင်ဆက်သူဖြစ်ခဲ့တဲ့ စတန်ကော်လီမိုးပါ။ သူကတော့ ကစားသမားဘဝမှာရော ကစားသမားဘဝမှအနားယူပြီးနောက်ပိုင်းဘဝမှာပါ လိင်မှုဆိုင်ရာပြသာနာတွေ တန်းစီပြီးရှာဖွေခဲ့သူဘဲ ဖြစ်ပါတယ်။ ဘောလုံးသမားဘဝတုန်းကလည်း သူရဲ့အဆက်ဟောင်းဖြစ်ဖူးသူကို ရိုက်နှက်ခဲ့လို့လမ်းခွဲခဲ့ရသလို ကစားသမားဘဝနောက်ပိုင်း ရုပ်သံတင်ဆက်သူဖြစ်ပြန်တော့လည်း လူမြင်ကွင်းမှာ လိင်ဆက်ဆံခဲ့လို့ အလုပ်မှထုတ်ပယ်ခြင်းကို ခံခဲ့ရပါတယ်။ သူရဲ့ဝန်ခံချက်အရဆိုရင် စတန်ကော်လီမိုးဟာ ကားပါကင်လိုနေရာမျိုးမှာ လိင်ဆက်ဆံမှုကို ၁၅ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ဖူးတယ်လို့သိရှိခဲ့ရပါတယ်။
နောက်ဆုံးဖော်ပြပေးချင်တာကတော့ ရိုနယ်လ်ဒိုပါ။ သူက ရီးရဲလ်မက်ဒရစ်ကပါဘဲ။ သို့သော် အခုလက်ရှိကစားသမားတော့ မဟုတ်ပါဘူး။ ကစားသမားဟောင်းကြီးပါ။ ဒီလောက်ဆိုဘရာဇီးနိုင်ငံသားကြီးရိုနယ်လ်ဒိုဆိုတာကို သိလောက်ပါပြီ။ ဖီဖာရဲ့ကမ္ဘာ့အကောင်းဆုံးဆုကို လေးကြိမ်တိုင်ဆွတ်ခူးနိုင်ခဲ့တဲ့ရိုနယ်လ်ဒိုဟာ ကိုယ်အလေးချိန်တတ်လာခြင်းနဲ့ဒဏ်ရာမကြာခဏရရှိတတ်တာခြင်းတို့ကြောင့် ကစားသမားဘဝကို အနားယူသွားခဲ့တာ ဖြစ်ပါတယ်။ သူရဲ့ဇာတ်လမ်းက ဒီလိုပါ။ ၂၀၀၈လောက်တုန်းက ရီယိုဒီဂျနေရိုးမြို့က ဟိုတယ်တစ်ခုကို ပြည့်တန်ဆာသုံးဦးခေါ်ပြီး ပျော်ပါးရာခဲ့ရာ တစ်ဦးကို ဒေါ်လာကိုးရာခန့်ပေးခဲ့ပေမယ့် နှစ်ယောက်လက်ခံပြီး တစ်ယောက်ကတော့ ပျော်ပါးခအပြင် နှုတ်ပိတ်ခလေးပါ အဆစ်တောင်းခဲ့ပါတယ်။ ဇာတ်လမ်းကအဲ့ဒီမှ စတင်ပါတော့တယ်။ ဘယ်လိုမှညှိုနှိုင်းလို့မရတော့တဲ့အဆုံးမှာတော့ ဒီအဖြစ်အပျက် သတင်းစာမျက်နှာပေါ်ကိုလည်းရောက် ရိုနယ်လ်ဒိုနဲ့စေ့စပ်ထားသူကလည်း စေ့စပ်ထားတာကို အဆုံးသတ်သွားခဲ့ပါတော့တယ်။
ဘုန်းဟိန်းသွေး ( MOMOLAY )