Our social:

Wednesday, December 21, 2016

အမ်းမြို့နယ်အတွင်း ဘင်္ဂါလီလူမျိုး ၆ ဦးဖမ်းဆီးရမိ


ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဂါယ်လောင်း ကျေးရွာအုပ်စု၊ ပြုတ်ကျွန်းကျေးရွာ၊ အမ်းချောင်းအနီးတွင် ဒီဇင်ဘာ (၂၀) ရက်က  ကျောက်တော်မြို့နယ် ဘက်မှ စက်လှေဖြင့် လိုက်ပါလာသည့် ဘင်္ဂါလီလူမျိုး ၆ ဦးဖမ်းဆီးရမိ ကြောင်းသိရသည်။

ဘင်္ဂါလီ လူမျိုးများဖြစ်သော မာမွတ်ဆာဒိန်(ဘ) မာတာဟက်၊ ဟာမီဒူလာ (ဘ) ဟာမီဘူလာ၊ ယူဗီအာလုံ (ဘ) ရှော်မော်လု၊ မာဘူတာမာန် (ဘ) ဟာဘီရာမာန်၊ မူတာဒူလောက် (ဘ) ဂျာမူလောက် နှင့် ဇာကရာမောက် (ဘ) ဖိုရိုကာမောက် တို့ခြောက်ဦးအား ဖမ်းဆီးရမိ ထားကြောင်း တာဝန်သိပြည်သူ တစ်ဦး၏ သတင်း ပေးပို့ချက်အရ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက ဒီဇင်ဘာ ၂ဝ ရက် ညနေ ၃ နာရီခွဲခန့်တွင် သွားရောက် ဖမ်းဆီး ခေါ်ဆောင်ခဲ့ပြီး အမ်းမြို့မ ရဲစခန်း၌ ထိန်းသိမ်း ထားရှိကာ တရား ဥပဒေအရ အရေးယူနိုင်ရေး စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။ (၁၀၀)

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၁)
The Myawady Daily
https://www.facebook.com/TheMyawadyDaily/