Our social:

Wednesday, December 21, 2016

ဘင်္ဂါလီဦးရေ များပြားနေမှုကို ထိန်းညှိဖို့ တိုင်းရင်းသားကျေးရွာ ခုနစ်ရွာ တိုးချဲ့မယ်


တိုင်းရင်းသားကျေးရွာတွေထက် ဘင်္ဂါလီကျေးရွာ အဆမတန်များပြားနေတဲ့ မောင်တောနယ်စပ်ဒေသမှာ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာခုနစ်ရွာကို ယခုနှစ်အတွင်း တိုးချဲ့မှာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ကျေးရွာတိုးချဲ့ခြင်း အစီအစဉ်ကို နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဆုံးအကြိမ် ပြန်လည်စတင်တာလည်း ဖြစ်ပါတယ်။ ပြည်ထောင်စုအဆင့်ကနေ ပဏာမအဆင့် ခုနစ်ရွာကို တိုးချဲ့ဖို့ ခွင့်ပြုတယ်လို့သိထားရကြောင်း မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က ပြောကြားထားတာ ဖြစ်ပါတယ်။ မောင်တောမြို့နယ်မှာ လက်ရှိ ကျေးရွာအုပ်စုပေါင်း ၁၂၀ ကျော်ရှိပြီး တိုင်းရင်းသားကျေးရွာ ၃၀ ခန့်သာရှိတယ်လို့လည်း သိရပါတယ်။

အဆိုပါကျေးရွာတွေမှာ နေထိုင်ဖို့ တိုင်းရင်းသားတွေ လိုအပ်မှာ ဖြစ်ကြောင်းလည်း မောင်တောမြို့နယ် လောင်းဒုံကျေးရွာဒေသခံ ဦးကျော်ဝင်းက ပြောထားတယ်လို့ 7Day Daily ရဲ့ သတင်းတစ်ရပ်မှာလည်း ရေးသားထားပါတယ်။

Photos & Source: 7Day Daily