Our social:

Monday, December 26, 2016

ကမ္ဘာ့သဘောထားအကြီးဆုံး နိုင်ငံအဖြစ် မြန်မာနိုင်ငံ (၃) နှစ်ဆက်တိုက် ရပ်တည်


World Giving Index ရဲ့စစ်တမ်းကောက်ယူမှုအရ မြန်မာနိုင်ငံဟာ ကမ္ဘာ့ သဘောထားအကြီးဆုံး နိုင်ငံအဖြစ် (၃)နှစ်ဆက်တိုက် ရပ်တည်နေခဲ့တယ်လို့ သိရပါတယ်။ တစိမ်းတွေအပေါ်အကူအညီပေးမှု၊ အလှူအတန်းရက် ရောမှု နဲ့ လူမှုရေးလုပ်ငန်းတွေမှာ တက်ကြွစွာပါဝင်မှုတွေကို စစ်တမ်းကောက်ယူ လေ့လာခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံဟာ ရမှတ်အားလုံးရဲ့ (၇၀%) အထိရယူနိုင်ခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ (၂၀၁၄)ခုနှစ် မှာ ကောက်ယူခဲ့တဲ့စစ်တမ်းအရ အမေရိကန်နဲ့အတူ ထိပ်ဆုံးမှာ ပူးတွဲရပ်တည်နိုင်ခဲ့ပြီး နောက်ပိုင်းမှာ နှစ်စဉ်နှစ်တိုင်း ကမ္ဘာ့သဘောထား အကြီးဆုံးနိုင်ငံနေရာမှာရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။ လေ့လာမှုစစ်တမ်းအဖွဲ့က မြန်မာနိုင်ငံလူဦးရေရဲ့ ရာခိုင်နှုန်းအများစုဟာ ဗုဒ္ဓဘာသာဝင်တွေဖြစ် တာကြောင့် အခုလို ရပ်တည်နိုင်တာဖြစ်တယ်လို့ သုံးသပ် ထားပါတယ်။

ကမ္ဘာ့သဘောထားအကြီးဆုံးနိုင်ငံများရဲ့ ဒုတိယနေရာမှာတော့ အမေရိကန်နိုင်ငံက ရမှတ်(၆၁%)နဲ့ ရပ်တည်နေပြီး ထိပ်ဆုံး(၁၀)နိုင်ငံစာရင်းမှာ သြစတြေးလျ၊ နယူးဇီလန်၊ သီရိလင်္ကာ ၊ ကနေဒါ ၊ အင်ဒိုနီးရှား၊ ဗြိတိန်၊ အိုက်စလန်နဲ့ ယူအေအီးနိုင်ငံတို့ အစဉ်လိုက်ရပ်တည်နေတယ်လို့ The Blaze သတင်းမှာဖော်ပြထားခဲ့ပါတယ်။

ဓာတ်ပုံ - asiancorrespondent
5 Plus News
https://www.facebook.com/5plusnews/