Our social:

Monday, December 19, 2016

ချစ်တင်းနှောခြင်းမှမဟုတ်ဘဲ STI ရောဂါရရှိနိုင်တဲ့အခြေအနေများ

STI(Sexually Transmitted Infection, or STI)ဆိုတဲ့ ရောဂါက လိင်ဆက်ဆံခြင်းကနေတဆင့် ရောဂါပိုး ၀င် ရောက်ခြင်းကြောင့် ဖြစ်ပွားတတ်တဲ့ ရောဂါဖြစ်ပါတယ်။အမေရိကန်နိုင်ငံမှာဆိုရင် တစ်နှစ်ကို ပျမ်းမျှ လူသန်း ၂၀နီးပါး ဖြစ်ပွားလေ့ရှိပြီး အဲဒီထဲက တစ်ဝက်လောက်ဟာ အသက် ၁၅နှစ်ကနေ ၂၄နှစ်ကြား လူငယ်တွေဖြစ် တယ်လို့ လေ့လာမှုအသစ်တွေကဆိုပါတယ်။အခုတော့ ဒီရောဂါဟာ လိင်ဆက်ဆံခြင်းကနေမဟုတ်ဘဲ တခြားနည်းလမ်း တွေနဲ့လည်း ကူးစက်နိုင်တယ်လို့ဆိုပါတယ်။
ကိုယ်သုတ် တဘက်၊ ချွေးသုတ် တဘက်ကနေတောင် ကူးစက်နိုင်သလို မုတ်ဆိတ်ရိတ်ဓားကနေလည်း ကူးစက်နိုင်ပါတယ်။ဒီရောဂါက သင်မထင်ထားတဲ့  သမားရိုးကျမဟုတ်တဲ့ နည်းလမ်းတွေကနေလည်း ကူးစက်နိုင်ပါတယ်။

မုတ်ဆိတ်မွေး

woman kissing the scratchy cheek of a bearded man
ဖြစ်နိုင်သော STI ရောဂါများ -Crabs (လိင်အင်္ဂါအမွှေးများကြားတွင်ပိုးကောင်းများတွယ်ကပ်သည့်ရောဂါ)၊ scabies (အသားအရေ အရမ်းယားယံခြင်း)၊ ရေယုန်ဖြစ်ခြင်း
ဖြစ်တောင့်ဖြစ်ခဲပါပဲ။ ဒါပေမယ့် မဖြစ်နိုင်ဘူးလို့တော့ ပြောလို့ မရပါဘူး။ ရောဂါပိုးရှိသူတစ်ယောက်ယောက်နဲ့ Oral Sex
လုပ်ပြီးတဲ့အခါမှာ မိမိရဲ့မုတ်ဆိတ်မွှေးတွေကြားထဲမှာ ရောဂါပိုးကပ်ငြိနေတတ်ပါတယ်။

နမ်းရှုံ့ခြင်း

NINTCHDBPICT000001099469
ဖြစ်နိုင်သော STI ရောဂါများ- ရေယုန်၊ လိင်အင်္ဂါတစ်ဝိုက်ရေယုန်ပေါက်ခြင်း
အကယ်၍ ပါးစပ်တစ်ဝှိုက်မှာ ဒဏ်ရာအနာရှိတယ်ဆိုရင် မနမ်းသင့်ပါဘူး။ နမ်းရှုပ်ခြင်းက တစ်ဆင့်ရေယုန်လိုရောဂါမျိုးကူးစက်တတ်ပါတယ်။

အမွှေးရိတ်စက်များ၊ အမွှေးရိတ်ကိရိယာများ

NINTCHDBPICT000000041531
ဖြစ်နိုင်သော STI ရောဂါများ – ရေယုန် ၊ အမေရိကန်မှာအဖြစ်များဆုံးSTIရောဂါHuman papillomavirus (HPV)
သူငယ်ချင်းတစ်ယောက်ရဲ့ နှုတ်ခမ်းမွှေးရိတ်ကိရိယာနဲ့ နှုတ်ခမ်းမွှေးရိတ်တာလုပ်ဖူးပါသလား၊  ဖြစ်နိုင်ရင် ဒီလိုပစ္စည်းမျိုး
ကို ဘယ်သူ့ဆီကမှာ ငှားရမ်မသုံးစွဲပါနဲ့။ မိမိငှားရမ်းတဲ့သူမှာ ကူးစက်နိုင်တဲ့ရောဂါရှိရင် ထိုrazorက တစ်ဆင့်ကူးစက်နိုင်
ပါတယ်။ အမျိုးသမီးတွေလည်းအလားတူပါပဲ။ ချိုင်းမွှေး၊ ခြေသလုံးမွှေးရိတ်တဲ့အခါ မိမိရဲ့ကိုယ်ပိုင်ပစ္စည်းထားသင့်ပါပြီး
မည်သူ့ရဲ့ပစ္စည်းကိုမှယူမသုံး သင့်ပါ။

ရေချိုးတဘက်များ

NINTCHDBPICT000257703085
ဖြစ်နိုင်သော STI ရောဂါများ- Crabs (လိင်အင်္ဂါအမွှေးများကြားတွင်ပိုးကောင်းများတွယ်ကပ်သည့်ရောဂါ)၊ scabies (အသားအရေ အရမ်းယားယံခြင်း)၊ Trichomoniasis ရောဂါ။
Trichomoniasis ရောဂါက သေးမွှားတဲ့ကပ်ပါးကောင်လေးတွေကြောင့် ဖြစ်တတ်ပြီး ဒီရောဂါရသွားရင် သင်စွန့်လွှတ်
တဲ့ကျင်ကြီး၊ကျင်ငယ်တွေမှာ အစိမ်းရောင်ပြောင်းလာပါလိမ့်မယ်။ လိအင်္ဂါယားယံလာပါလိမ့်မယ်။ ရူးရှုးပေါက်တဲ့အခါ၊
သို့မဟုတ် ချစ်တင်းနှောတဲ့အခါမှာ လိင်အင်္ဂါနာကျင်လာပါလိမ့်မယ်။ ပုံမှန်ထက်ပိုပြီး ဆီးသွားနေပါလိမ့်မယ်။ ဒီရောဂါပိုး
က ပြင်ပအပူချိန်မှာ ၄၅မိနစ်အထိ အသက်ရှင်နိုင်ပါတယ်။ အထူးသဖြင့် ရေချိုးတဘက်တို့လို့ စိုစွတ်တဲ့နေရာမျိုးတွေ
မှာပေါ့။ ဒီတော့ မိမိတဘက်ကိုသူများကို ပေးးမသုံးသင့်ပါဘူး။ သူများတဘက်လည်း ယူမသုံး သင့်ပါဘူး။
Credit-ခြူးသစ်နွယ်@ChoChoThan(Shwemom)
Source:thesun