MPT ဆင်းမ်ကတ် မှတ်ပုံတင်ထားသူ ၁၃ သန်းသာရှိ
မြန်မာ့ဆက်သွယ်ရေး(MPT) လုပ်ငန်း၌ မိုဘိုင်းဖုန်းအသုံးပြုသူ ၂၁ သန်းရှိသည့်အနက် ဆင်းမ်ကတ် မှတ်ပုံတင် အသုံးပြုသူ ၁၃ သန်းသာရှိသည်ဟု သတင်းရရှိ သည်။
‘‘မှတ်ပုံတင်ထားတဲ့လူက ၁၃ သန်းရှိတယ်။ မှတ်ပုံတင်ထား တဲ့လူတွေကလည်း ကိုယ့်နာမည် နဲ့ မှတ်ပုံတင်ထားတာ ဟုတ်၊ မ ဟုတ် ၁၀၆ ကို ဖုန်းခေါ်ပြီး စုံစမ်း နိုင်ပါတယ်’’ဟုမြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းဟုတ်က ပြောသည်
ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနက ၂၀၁၇ မတ်လကုန်နောက်ဆုံးထား၍ ဆင်းမ်ကတ်များကို မှတ်ပုံတင်ရမည်ဟု ညွှန်ကြားထားပြီး မှတ်ပုံတင်ထားခြင်း မရှိသော ဆင်းမ်ကတ်များကို ယာယီဖြတ်တောက်မှုများ ပြုလုပ် မည်ဟု ညွှန်ကြားချက်ထုတ်ပြန် ခဲ့သည်။
ဆင်းမ်ကတ်များ ယာယီ လိုင်းပိတ်သိမ်းမည် ဆိုသည်မှာ နံပါတ်ပျောက်ဆုံးသည်အထိ ပိတ်သိမ်းမည်မဟုတ်ဘဲ မှတ်ပုံတင် ခြင်းမရှိသည့် အချိန်အထိ လိုင်း ဖြတ်တောက်ခြင်းကို ဆိုလိုသည်။ လက်ရှိအချိန်၌ ဆင်းမ်ကတ်မှတ် ပုံတင်ခြင်း ပြုလုပ်နိုင်ရန် ဆက်သွယ်ရေးအော်ပရေတာများက နည်းလမ်းမျိုးစုံကို အသုံးပြု၍ လုပ်ဆောင်နေသည်။
ဆင်းမ်ကတ်များကို မှတ်ပုံ တင်ခြင်းသည် ရာဇဝတ်မှုများကို နောက်ယောင်ခံခြင်းနှင့် အီလက် ထရွန်နစ်ဝန်ဆောင်မှုများကို ရယူ အသုံးပြုရာ၌ အထောက်အကူပြု မည်ဖြစ်သည်။ ဆက်သွယ်ရေး အော်ပရေတာများသည် မှတ်ပုံ တင်ထားခြင်းမရှိသည့် ဆင်းမ် ကတ်များကို ရပ်ဆိုင်းခိုင်းသည့်အ ခါ အသုံးပြုသူအရေအတွက် လျော့ကျသွားမည်ကို စိုးရိမ်သဖြင့် ကျေးလက်ဒေသများအ ရောက် ဆင်းမ်ကတ်မှတ်ပုံတင် ခြင်းဝန်ဆောင်မှုများကို လုပ်ကိုင် လျက်ရှိသည်။
ဆက်သွယ်ရေးအော်ပရေ တာများ၏ထုတ်ပြန်ပြောဆိုချက် အရ ဆင်းမ်ကတ်မှတ်ပုံတင်ခြင်း ကို မိမိမှတ်ပုံတင်ဖြင့် အခြားသူ များတွက် ကြားခံဝန်ဆောင်မှုပြု လုပ်ထားပါက အကျိုးဆက်အနေ ဖြင့် ပိုင်ဆိုင်မှုမှာ မှတ်ပုံတင်ထား သူ၌သာ မူတည်သည်ဟု သတင်း ရရှိသည်။
မှတ်ပုံတင်ထားသော ဆင်းမ်ကတ်အရေအတွက်ကို မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းကသာ ထုတ်ဖော်ပြောဆိုခဲ့ပြီး အခြား သော ဆက်သွယ်ရေးအော်ပရေ တာများက ထုတ်ပြန်ပြောဆိုခြင်းမရှိပေ။ ပြိုင်ဘက်ဆက်သွယ်ရေးအော်ပရေတာဖြစ်သည့် တယ်လီနော၌ အသုံးပြုသူ ၁၈ သန်းရှိပြီးအော်ရီဒူး၌ အသုံးပြုသူ ၈ ဒသမ ၆ သန်းရှိသည်။
Credit: 7Day daily
http://www.7daydaily.com/story/84060