အသဲရောင် (စီ) ပိုး(Hepatitis C) (စီ) ပိုး
အသက် (35) နှစ်။ C ပေါ့စတစ်ပါ။ ပိုးကောင်ရေ 6 သိန်းကျော်။ Fame က ဆေးနဲ့ ရီဘာဘရင်း တွဲသောက်နေပါတယ်။ 3.6 သန်းကနေ ခြောက်လသောက်တော့ ကျသွားတာပါ။ အမ်ထရာဆောင်း ရိုက်တော့ ကျောက်ကပ်အမှုန် နည်းနည်း တွေ့တယ်တဲ့။ Fatty liver လို့လဲပါတယ်။ Alt Ast တွေကောင်းပါတယ်။ လစ်ပစ်လဲစစ်တာပုံမှန်ပါပဲ။ လစဉ်လဲ အမ်ထရာဆောင်း ရိုက်ပါတယ်။ ဒီလမှာ ခုလိုလာထွက်နေပါတယ်။ ဘာဆက်လုပ်ရမယ် (or) ဘယ်လို take care လုပ်ရမယ်ဆိုတာ fb ကနေ ရှင်းပြပေးစေလိုပါတယ်။အသဲရောင် (စီ) တွေ့ရင် ရောဂါလက္ခဏာမရှိဘဲနေတတ်လို့၊
Hepatitis C virus (HCV) ဗိုင်းရပ်စ် (စီ) ပိုးဝင်ရင် သာမန်ကာရှန်ကာ ၁-၂ ပါတ်လောက်သာ ခံစားရတာမျိုးနဲ့ အသက်ကိုပါ ရန်ရှာတဲ့ အဆင့်မျိုး ဖြစ်နိုင်တယ်။ (ဘီ) နဲ့မတူတာက ဘီပိုးဟာအထဲဝင်ပြီး၊ ကင်းစင်သွားနိုင်ပေမဲ့ (စီ) ပိုးကတော့ အမြဲရှိနေတတ်တယ်။ (ဘီ) ပိုးကလိင်ကနေတဆင့် ကူးစက်တာများပြီး၊ (စီ) ပိုးကတော့ သွေးကတဆင့် ကူးတာကအဓိက ဖြစ်တယ်။
(စီ) ပိုး အဝင်ခံရရင် အစတော့ တုပ်ကွေးလိုပါဘဲ။ မစားချင်မသောက်ချင်၊ အားယုတ်၊ ပျို့ချင်သလိုနေ၊ အဆစ်တွေ အသားတွေနာ၊ သတိထားရင် အသဲရှိရာဗိုက်ညာဘက်အထက်နားမ
သေခြာအောင်လုပ်ရမှာက သွေးစစ်ပါ။ ပိုးရှိ-မရှိ၊ ပိုးဘယ်လောက်များလဲ၊ Liver biopsy အသဲရဲ့ အသားစ ထုတ်ယူ စစ်ဆေးတာက အသေခြာဆုံးပါ။ နောက် Hepatitis C antibody test နဲ့ PCR test အပြင် အသဲအခြေအနေကိုဆန်းစစ်ဘို့ Liver function tests လုပ်ရတယ်။ တိကျအောင် Hepatitis C Genotype test ဆိုတဲ့ ပိုးအမျိုးအစား ခွဲတာလဲ လုပ်ရပြန်ပါသေးတယ်။ (စီ) ရှိနေရင် HIV ကိုပါ စစ်ပါ။ နှစ်ခုလုံးတွဲရှိသူတွေ ရှိတယ်။ HIV က ပိုဆိုးတာကကိုယ်ရဲ့ ခုခံအားစနစ်ကြီးကို ဖျက်ပြစ်လို့ပါ။ နဲနဲကောင်းတာက HIV ကိုကုဘို့ ဆေးတွေရှိနေပြီ။ နဲနဲလို့ ပြောရတာက ဆေးက သက်သာစေဘို့သာ ဖြစ်ပြီး၊ အပျောက်မရသေးလို့ပါ။
မကူးအောင် ကာကွယ်နည်းအတိုင်း (စီ) ပိုးရှိသူတွေ ဆင်ခြင်ရပါမယ်။ မူးယစ်ဆေးသုံးတာ၊ (တက်တူး) ထိုးတာ၊ ဟိုကွင်း-ဒီကွင်းတပ်တာ၊ ကွန်ဒွန်းမပါ လိင်ဆက်ဆံတာတွေ ရှောင်ပါ။ အရက်ဖြတ်ပါ။ ကောင်းကောင်းနား၊ ကောင်းကောင်းစားပါ။ အသီးအရွက်၊ အသီးအနှံ၊ အစေ့အဆံဆိုရင် တခုလုံးပါတာမျိုးစားပါ။
ပိုးတွေ့ရင် ဆေးကုဘို့လို-မလို ဆရာဝန်ကဆုံးဖြတ်ပါမယ်။ ရောဂါက အန္တရာယ်နည်းနေရင် ဆေးပေးချင်မှ ပေးပါလိမ့်မယ်။ ဆေးကထိုးဆေးရော စားဆေးပါပေးမှာပါ။ တနည်းက ၄၈ ပါတ်ကြာမှာဖြစ်ပြီး၊ တနည်းက ၂၄ ပါတ်။ လိုရင် နောက် တကြော့။ ဆေးက ၂ မျိုးသုံးနေပါတယ်။ Interferon ထိုးဆေးနဲ့ Ribavirin စားဆေးတွေပါ။ Injection Interferon ကို ၇ ရက် တပါတ်မှာ ၃ ကြိမ်ထိုးတယ်။ နောက်ပေါ်ဆေး Pegylated ကတော့ ၁ ပါတ်မှာ ၁ ကြိမ်နဲ့ရတယ်။ Ribavirin စားဆေးကို ၁ ပြားတနေ့ ၂ ကြိမ်။ ၆ လ ကနေ ၁၂ လကြာပါမယ်။
ဆေးတွေကတော့ ပြင်းတော့ တုပ်ကွေးခပ်ဆိုးဆိုး ဖြစ်နေသလိုခံစားရမယ်။ မောပန်း၊ ခေါင်းကိုက်၊ အဆစ်အမြစ်နာ၊ ချမ်း၊ အအိပ်ပျက်၊ ကိုယ်ပူ၊ စာကြည့်မရ၊ အာရုံစိုက်မရ၊ စိတ်ဓါတ်ကျတာလဲ ဖြစ်နိုင်တယ်။ နောက်ဆုံးကတော့ အသဲ အစားထိုးပေးရတာပါ။ နားလည်ဘို့ကအသဲအစားထိုးပေမဲ
စီပိုးရှိသူများအကိုက်အခဲပေ
ဘယ်လိုကူးသလဲ
• လိင်ဆက်ဆံရာကနေမကူးစက်ပါဘူး
• (စီ) ပိုးရှိတဲ့မအေကနေကလေးကို ၄-၅% လောက်သာ ကူးစေနိုင်ပါတယ်။ ဖအေမှာ (စီ) ပိုးရှိနေပေမဲ့ သူ့ကလေးကို (သွေးမထိမချင်း) မကူးဘူး။ လိင်လမ်းကနေကူးတာကလဲ HIV နဲ့ B တို့လောက် မဟုတ်ပြန်ဘူး။ (စီ) ကို တလင်တမယား လိင်ကနေကူးတယ်ဆိုတာ ရှားပါတယ်။
• သွေး (မစစ်ဘဲ) သွင်းတာ၊ သွေး-သွေးချင်းထိတာ၊ ဆေးထိုးအပ် သီးခြားမသုံးတာ၊ နားကပ် လဲဝတ်တာ၊ မုတ်ဆိပ်ရိတ်ဒါး၊ သွားတိုက်တံ၊ လက်သဲညှပ် တွဲသုံးတာ၊ (တက်တူး) ထိုးတာ၊ ဟိုနေရာ ဒီနေရာကွင်းတပ်တာတွေကနေ ကူးရတာပါ။ ဒါပေမဲ့ ပိုးရှိနေသူချက်ပြုတ်တာစားမ
• တအိမ်ထဲအတူနေသူတွေ ကူးစက်နိုင်ပါတယ်။ အဖြစ်များတာ မတွေ့ရသေးပါ။ ကူးမယ် ဆိုတာလဲ သွေးကနေ ဝင်လို့သာ ဖြစ်ပါမယ်။ ပန်းကန်၊ ဇွန်း၊ ဖန်ခွက်၊ အိုး-ခွက် အတူသုံးလို့ မကူးပါ။ ရင်ချင်းအပ်-ပါးချင်းကပ်-လက
• မူးယစ်ဆေးသုံးစွဲသူတွေ၊ သွေးနဲ့ သွေးထဲကပစ္စည်းသွင်းနေရသူတွေ
• (စီ) ပိုး ရှိနေတဲ့ မိခင်ရဲ့ကလေးတွေမှာ ကူးနိုင်တဲ့ အခွင့်အလမ်းတွေ ပွင့်နေတယ်။ ပိုးရှိတဲ့မအေက နို့တိုက်တာနဲ့ မကူးပါ။ ရာသီသွေးကတော့ ကူးနိုင်တယ်။
• ခြင်နဲ့ အင်းဆက်ပိုးတွေကနေကူးစက်တာမ
• စီပိုးရှိနေသူဟာ သွေးမလှူရပါ၊ အင်္ဂါအစိတ်အပိုင်းမလှူရပါ၊ သုတ်ပိုးမလှူရပါ။
ပိုးရှိနေရင် ဘာဖြစ်လာနိုင်သလဲ
• သွေးစစ်လို့ စီပိုးတွေ့ပေမဲ့ ၇ဝ-၈ဝ% မှာဘာမှ မခံစားရသလိုရှိနေမယ်။ ခံစားရသူတွေမှာလဲဆိုးတာမပါဘ
• သူတို့အထဲက ၆ဝ-၈၅% က နာတာရှည် ဖြစ်လာရင်လဲရောဂါလက္ခဏာတွေဟာ
• ၅-၂ဝ% ဟာ အနှစ် ၂ဝ-၃ဝ အတွင်း Cirrhosis အသဲခြောက်တာ ဖြစ်လာနိုင်တယ်။
• ၁-၅% ဟာ Cirrhosis အသဲခြောက်တာဒါမှမဟုတ် Liver cancer အသဲကင်ဆာကြောင့် သေဆုံးနိုင်တယ်။
Hepatitis C ပိုးရှိနေသူဟာ (ALT) အသဲ (အင်ဇိုင်းမ်) စစ်ရင် နည်းတာ၊ များတာ၊ ပုံမှန် ဖြစ်တာတွေ ဖြစ်နိုင်ကြတယ်။ နာတာရှည်အဆင့် ရောက်နေတာတောင် ပုံမှန် ဖြစ်နေနိုင်တယ်။ ဒီလိုဖြစ်နေသူဟာနောက် ၆ လ ၁ နှစ်အကြာတခါ ထပ်စစ်ရမယ်။ ဆေးစစ်ဘို့ လိုသူတွေကတော့ မူးယစ်ဆေးထိုးနည်းသုံးနေသူေ
• ရက်တိုသမားတွေအတွက် ဆေးကုဘို့ မရှိသေးပါ။ ဆေးစစ်တာ၊ အစာကောင်းကောင်းစားတာ၊ ရေ-အရည် ပိုသောက်သုံးတာသာလိုမယ်။
• နာတာရှည် ဖြစ်လာသူတွေကတော့ အသဲကိုအမြဲစောင့်ကြည့်နေရမယ
• ကံကောင်းသူ ၁၅-၂၅% ဟာဆေးကုစရာမလိုဘဲပိုးကရှင်း
• နာတာရှည်ဖြစ်နေသူအထူးကုဆရာဝ
• Hepatitis A and Hepatitis B ကာကွယ်ဆေးတွေ ထိုးသင့်တယ်။ C အတွက် ကာကွယ်ဆေးမပေါ်သေးပါ။
• ပိုးတွေ့သူတွေကို ဝိုင်းပယ်ထားဘို့ ကူးစက်ရောဂါ ထိန်းသိမ်းရေးဌာနကတားမထားပါ
• HIV နဲ့ Hepatitis C virus တွေ တွဲရှိတတ်တယ်။ မူးယစ်ဆေးထိုးသူတွေမှာပိုဖြ
• Hepatitis C virus ဗိုင်းရပ်စ် ဟာသာမန် အပူချိန်မျိုးမှာကိုယ်ခန္ဓာအ
• ပိုးရှိနေသူကနေထွက်လာတဲ့ သွေးကိုရေ ၁ဝ ဆထဲမှာ Household Bleach (ကလိုရင်း) ချွတ်ဆေးမှုံ့ ၁ ဆ ရောထားတာနဲ့ ဆေးကြောပေးနိုင်တယ်။ လက်အိတ် သုံးရမယ်။
Hepatitis C Treatment and Management အသဲရောင် (စီ) ဘယ်လိုကုသလဲ
HIV ပါရှိနေသူဆိုရင် စောစောပိုင်းကတည်းက ကုရင်ကောင်းတယ်။ အသဲရောဂါ နည်းနည်းလေးသာရှိနေသူတွေ ဆေးမလိုသေးပါ။ အသဲရောဂါ အသင့်အတင့် ဆိုးလာသူတွေက အသဲခြောက်တာ ဆက်ဖြစ်စရာများလို့ ဆေးကုသရမယ်။ ဆေးရဲ့ဘေးထွက်-ဆိုးကျိုးနဲ့
Pegylated interferon (PEG interferon) နဲ့ Ribavirin (RBV) ဆေး ၂ မျိုးကိုသုံးတယ်။ PEG Interferon က ၂ မျိုး ရှိတယ်။ (၁) alpha-2a (Pegasys) နဲ့ (၂) alpha-2b (PegIntron or ViraferonPeg) ထိုးဆေးတွေဖြစ်တယ်။ Ribavirin (Copegus, Rebetrol and Ribasphere) ဆေးက HIV ရှိနေသူတွေအတွက် အသုံးမကျဘူး။ သူတမျိုးထဲမရလူး PEG interferon နဲ့တွဲပေးရတယ်။ စားဆေးဖြစ်တယ်။ တနေ့ ၂ ကြိမ်ပေးရတယ်။
HIV-positive ဆိုရင် ဘယ် Genotypes ဖြစ်ဖြစ် တနှစ်ကြာပေးတယ်။ Genotypes 2 နဲ့ 3 ကို အချိန်တိုပြီး၊ 1 နဲ့ 4 တွေကို တနှစ်မက ပေးတာလဲရှိတယ်။ ဆေးကုသရခြင်းရဲ့ရည်ရွယ်ချက်
HIV ရှိနေသူတွေကို ဘယ်လို CD4 count 200 cells/mm3 ထက်နည်းလာရင် ဆေးပေးတယ်။ 200-350 cells/mm3 ဆိုရင်ပေးတာလဲလုပ်တယ်။
ဒေါက်တာတင့်ဆွေ
