လမ်းလျှောက်ခြင်းဖြင့် လေ့ကျင်ခန်းကို အရယူပါ
ကျန်းမာကြံ့ခိုင်တဲ့သူတွေဟာ
သင်လမ်းလျှောက်တာက ဘယ်လောက်အထိ ကျန်းမာကြံ့ခိုင်စေသလဲ၊ ပိုနေတဲ့ကယ်လိုရီတွေ ကုန်သွားလောက်အောင် ပြင်းထန်ရဲ့လားဆိုတာ အတိအကျသိနိုင်ဖို့ အောက်မှာဖော်ပြထားတဲ့ အချက်တွေနဲ့ ဆန်းစစ်ကြည့်ရအောင်။
၁။ နှလုံးခုန်နှုန်း သတ်မှတ်ချက်အတွင်းရှိခြင်း။
နှလုံးသွေးကြောတွေ ကျန်းမာကြံ့ခိုင်စေဖို့အတွက
သင့်ရဲ့ အမြင့်ဆုံးနှလုံးခုန်နှုန်းက
၂။ ခွန်အားစိုက်ထုတ်မှုကို တိုင်းတာခြင်း။
အားကစားသမားတယောက် ဘယ်လောက်ပြင်းပြင်းထန်ထန် လေ့ကျင့်သလဲဆိုတာကို ရှူသွင်းရှူထုတ်တဲ့ လေနဲ့ သွေးထဲမှာရှိတဲ့ သကြားဓာတ်ပမာဏကို တိုင်းတာပြီး ခန့်မှန်းနိုင်ပါတယ်။ ခေတ်မီနည်းပညာတွေနဲ့ တိုင်းတာတဲ့အပြင် နည်းပညာ လုံးဝမပါဘဲနဲ့လည်း တိုင်းတာနိုင်ပါတယ်။ OTC လို့ခေါ်တဲ့ US Olympic Training Center က လေ့ကျင့်ခန်းဆိုင်ရာ ဇီဝကမ္မဗေဒပညာရှင်က ဒုတိယနည်းက နည်းပညာတွေသုံးပြီး စမ်းသပ်တဲ့နည်းလောက် ယုံကြည်ရပါတယ်လို့ ပြောတယ်။ ဒီနည်းမှာ စစ်ဆေးသူပညာရှင်က အားကစားသမားတယောက်ကို ဘယ်လိုခံစားရသလဲလို့ မေးပြီး သူ့ရဲ့ အားထုတ်မှုအဆင့်ကို သတ်မှတ်ပါတယ်။ အဆင့်ကတော့ ၆-မှ ၂၀-အတွင်း ဖြစ်ပါတယ်။ ဒီအဆင့်သတ်မှတ်မှုကို RPE (Ratings of Perceived Exertion) လို့ ခေါ်ပါတယ်။ OTC က သမားတော် J.T Kearney ရဲ့ အဆိုအရ လမ်းလျှောက်သူတဦးဟု RPE ၁၂-မှ ၁၄-အတွင်း ရှိရမယ်လို့ ဆိုပါတယ်။ ဒီအဆင့်ကို အတန်အသင့် ပင်ပန်းတယ်လို့ သတ်မှတ်ပါတယ်။
၃။ ခြေလှမ်းမြန်မြန်လှမ်းခြင်း
လမ်းလျှောက်ရာမှာ ခရီးရှည်တခုလုံးကို မြန်မြန်လျှောက်ဖို့ မှန်းပြီး လျှောက်တာထက် ခြေလှမ်းမြန်မြန် လှမ်းဖို့ အာရုံစိုက်တာက ပိုပြီးမှန်ကန်တယ်။ ခြေလှမ်းကို ရေတွက်ပါ။ တမိနစ်ကို ခြေလှမ်း ၁၀၀-မှ ၁၁၀-အတွင်း လျှောက်ရင် အပျင်းပြေ လမ်းလျှောက်တာပါ။ ၁၂၀-မှ ၁၃၀-အတွင်း လျှောက်ရင်တော့ လေ့ကျင့်ခန်းအဖြစ် သင့်တင့်တဲ့နှုန်း ဖြစ်ပါတယ်။ ၁၅၀-ထက်ဆိုရင်တော့ တကယ် လမ်းလျှောက် လေ့ကျင့် သူတွေရဲ့နှုန်း ဖြစ်ပါတယ်။
၎။ အသက်ပြင်းပြင်း ရှူခြင်း။
လမ်းမြန်မြန်လျှောက်တဲ့အခါ အလုပ်လုပ်ရတဲ့ ကြွက်သားတွေက အောက်ဆီဂျင် ပိုပြီးလိုလာတယ်။ ဒါကြောင့် လမ်းလျှောက်နှုန်း မြင့်လိုက်တာနဲ့ အသက်ရှူမြန်ပြီး ပြင်းလာပါတယ်။ ဟောဟဲလိုက်အောင် မောတာမဟုတ်ဘဲ အသက်ရှူ သိသိသာသာ ပြင်းလာပြီဆိုရင် တော်တော်အကျိုးရှိတဲ့ လမ်းလျှောက်နှုန်း ဖြစ်တယ်။ အသက်ရှူနှုန်းနှင့် လမ်းလျှောက်နှုန်းကို စည်းချက်ညီညီ သတ်မှတ်လို့ ရပါတယ်။ ခြေလှမ်း ၃-လှမ်းစာ အသက်ရှူသွင်းပြီး ၃-လှမ်းစာ ရှူထုတ်ရင် ၃-၃ နှုန်းနဲ့ အသက်ရှူတယ်လို့ ခေါ်ပါတယ်။ ပိုပြီး မြန်မြန်လျှောက်လိုက်မယ်ဆို
၅။ စံချိန်တက်လာခြင်း။
ပုံမှန်လျှောက်နေကျ ခရီးတခုအတွက် ယူရတဲ့အချိန်ကို မှတ်ထားပါ။ ဒီလိုစံချိန်မှတ်ထားတဲ့အတွက
၆။ အကောင်းဆုံး လျှောက်နိုင်အောင် အားပေးမယ့်အဖော် ရှိခြင်း။
ပိုနေတဲ့အဆီတွေ ကုန်သွားအောင် လမ်းလျှောက်တယ်ဆိုတာ မမေ့ပါနဲ့။ ကိုယ့်ထက်မြန်တဲ့ လမ်းလျှောက်ဖော်တယောက်ကို ရှာပါ။ ပြိုင်လျှောက်ချင်လာအောင် ဆွဲခေါ်တတ်တဲ့သူဆိုရင် ပိုကောင်းပါတယ်။ တယောက်ယောက်ကို အမီလိုက်လိုစိတ်နဲ့ လျှောက်ရင်း မြန်မြန်လျှောက်နိုင်လာတာကိ
၇။ သင်သောင့်သက်သာနဲ့ ခပ်မတ်မတ် လျှောက်ပါ။
ပျင်းရိပျင်းတွဲနဲ့ နည်းမမှန် လမ်းမမှန် လမ်းလျှောက်ရင်တော့ သွေးလှည့်ပတ်မှုစနစ် ကောင်းလာတဲ့အထိ မြန်မြန်လျှောက်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် လမ်းလျှောက်ရာမှာ-
-ခပ်မတ်မတ်/သက်သောင့်သက်သာ အနေအထားနဲ့ လျှောက်ပါ။
-ရှေ့ကိုလှမ်းတဲ့အခါ ခြေချောင်းတွေကို အားစိုက်ပြီး လှမ်းပါ။
-တင်ပါးနဲ့ ခြေထောက်ကြွက်သားတွေရဲ့ အားကိုရဖို့ နောက်မှာ ဆန့်ကျန်ခဲ့တဲ့ ခြေလှမ်းဆီကို အာရုံစိုက်ပါ။
-တံတောင်ဆစ်ကို ၉၀-ဒီဂရီ ကွေးထားပါ။ ဒါမှ လက်လွှဲရတဲ့အချိန်တိုပြီး မြန်မြန်လျှောက်နိုင်ပါမယ်။
ဒီအချက်တွေက လမ်းလျှောက်နှုန်းကို မြန်စေပြီး ကျန်းမာရေးနဲ့ ညီညွတ်စေပါလိမ့်မယ်။
Ref-
ကျန်းမာရေးအတွက်ဆေးတစ်ခွက်
