Our social:

Sunday, December 25, 2016

စွမ်းဆောင်ရည်ကျဆင်းနေတဲ့အမျိုးသားများအတွက် အကောင်းဆုံးအစားအစာ

သစ်သီးတွေဟာ လူ့ကျန်းမာရေးအတွက် အထူးအသုံးဝင်ပါတယ်။ သွေးကြောကျဉ်းရောဂါ၊ သွေးခဲခြင်း၊ သွေးပိတ်ခြင်း၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ကိုလက်စထရောမြင့်မားတဲ့ရောဂါ … စသည့်ဖြင့် ရောဂါမျိုးစုံအတွက်လည်း သစ်သီးတွေဟာ အထိရောက်ဆုံး ရောဂါကုဆေးအဖြစ် အရေးပါပါတယ်။

အမျိုးသားတွေမှာ ကြုံရလေ့ရှိတဲ့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်မှုကျဆင်းခြင်း၊ အင်္ဂါတောင့်တင်းမှု အားနည်းခြင်း စတဲ့ရောဂါတွေအတွက် ယခင်က ဆေးကျမ်းအမျိုးမျိုးမှာ ညွှန်းခဲ့တဲ့ဆေးနည်းတွေဟာ ထိရောက်သင့်သလောက် ထိရောက်ပေ
မယ့် ဘေးထွက်ဆိုးကျိုး များလှပါတယ်။ ဒီတော့ ဘေးထွက်ဆိုးကျိုး လုံးဝမရှိတဲ့ ဆေးကို ကမ္ဘာကျော်သတင်းစာကြီး the sun က ညွှန်းထားပါတယ်။

အိမ်ထောင်းရေးသုခ စွမ်းဆောင်ရည်ကျဆင်းသူတွေ၊ အင်္ဂါတောင့်တင်းမှု အားနည်းလို့ ကိုယ့်ကိုယ်ကို အားမလိုအားမရ ဖြစ်နေတဲ့ အမျိုးသားတွေအတွက် အသင့်တော်ဆုံး အစားအစာတွေကို သိပ္ပံပညာရှင်တွေက အကြံပြုခဲ့ပါတယ်။ ၎င်းတို့ အ
ကြံပြုခဲ့တဲ့ အရာကတော့ ဖရဲသီးစားပေးခြင်း ဖြစ်ပါတယ်။ ဖရဲသီးမှာ Amino Acid Citrulline ပါဝင်ပြီး Blood Vessel
သွေးလည်ပတ်စီးဆင်းမှုကို အားကောင်းစေပါတယ်။
ဒါ့အပြင် ဖရဲသီးဟာ လိင်အင်္ဂါတင်းမာမှုအားနည်းခြင်း၊ စွမ်းဆောင်ရင် ကျဆင်းခြင်းအတွက် Viagra ဆေးတွေတောင်
မလိုအပ်တော့တဲ့အထိ အသုံးဝင်ပြီး ဖရဲသီးကို သဘာဝ Viagra အဖြစ် သုံးစွဲဖို့ ပညာရှင်တွေက လမ်းညွှန်ကြပါတယ်။ ဖရဲသီးမှာပါတဲ့ Amino Acid Citrulline ဟာ လိင်ကိစ္စပြုမူနေစဉ်မှာ အာရုံစူးစိုက်မှုကို အားကောင်းစေပါတယ်။
couple
ဖရဲသီးကို စားသုံးလိုက်တဲ့အခါ Citrulline ဟာ Amino Acid Arginine အဖြစ် အသွင်ပြောင်းသွားပြီး ခန္ဓာကိုယ်အတွက် Nitric Oxide တွေကို မြှင့်တင်ပေးပါတယ်။ ဒီလိုအခြေအနေကနေတစ်ဆင့် သွေးလည်ပတ်မှုကောင်းကောင်း မရတဲ့ အမျိုးသားရဲ့ မျိုးပွားအင်္ဂါဆီကို သွေးလတ်ပတ်မှု ကောင်းမွန်စေပြီး Viagra ဆေးတွေ အလုပ်လုပ်သလို လုပ်သွားပါတယ်။
ဖရဲသီးဟာ အမျိုးသားတွေအတွက် လိင်ပိုင်းဆိုင်ရာအားနည်းမှု၊ မာကြောမှုနည်းခြင်းကိုပင် ပျောက်ကင်းစေတာ မဟုတ်ပါဘူး။ စိတ်ပိုင်းဆိုင်ရာ အားရကျေနပ်မှုနဲ့ အမျိုးသမီးရဲ့ ကျေနပ်နှစ်သိမ့်မှုကိုပါ ရယူနိုင်စေပါတယ်။ Viagra ဆေးဟာ ခန္ဓာကိုယ် ရင်ဘက်နဲ့ လည်ပင်းတွေပေါ်မှာ အနီစက်တွေ ထစေခြင်း၊ ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်း၊ ၀မ်းလျှောခြင်း၊ မူးဝေ
မောပန်းခြင်း စတာတွေကို ဖြစ်စေပါတယ်။ ဒါပေမယ့် ဖရဲသီးမှာတော့ အဲဒီ Side Effect တွေ လုံးဝမရှိလို့ အမျိုးသားတွေ ပုံမှန်စားပေးသင့်ပါကြောင်း။
လင်းဇော်ကို (Shwemom)
source : thesun.co.uk
Ref-Shwemon.com