Our social:

Monday, December 26, 2016

အမေစု ပန်းချီကားလေလံတင်ရောင်းချငွေ ၂၂ သိန်းကို တပ်မတော်သားများအတွက် လှူဒါန်း

အမေစု ပန်းချီကားလေလံတင်ရောင်းချငွေ ၂၂ သိန်းကို တပ်မတော်သားများအတွက် လှူဒါန်း

ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံ ပုံတူပန်းချီကားကို လေလံတင်ရောင်းချရာ မြန်မာငွေကျပ် ၂၂ သိန်းဖြင့် လေလံအောင်မြင်ခဲ့ပြီး တပ်မတော်သားများအတွက် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်……

"အမေစု ပန်းချီကား ကို လေလံတင်ရောင်းချပြီး ရရှိသော ငွေ ၂၂ သိန်းကျပ်ကို မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းဒေသရှိလမ်းပန်းဆက်သွယ်ရေး နှင့် နယ်မြေလုံခြုံရေး တာဝန်ထမ်းဆောင်လျက်ရှိသော တပ်မတော်သားများအတွက် မျှဝေကူညီကြသော ဓါတ်ပုံ ကိုဝဏ္ဏခွာနီး + မသဇင်ကိုကို တို့မိသားစု / ဒေါက်တာ ဖိုးလမင်း + မဝေဟင်နိုင် မိသားစု တို့အားလုံး သက်ရှည် ကျန်းမာ ချမ်းသာကြပါစေ........."

အထက်ပါ အကြောင်းအရာနှင့် ပတ်သတ်ပြီး ကိုမောင်မောင်အေးက သူရဲ့ လူမှုကွန်ယက်ပေါ်မှာ ရေးသားဖော်ပြထားပါတယ်……

Source: Mg Mg Aye

Go Goe
"Myanmarload's