Our social:

Saturday, December 17, 2016

အမျိုးသားတွေကိုအကူးအများဆုံး လိင်ပိုင်းဆိုင်ရာရောဂါ(၃)ခု

(၁) Wart (ခေါ်) လိင်အင်္ဂါကြွက်နို့ပေါက်ခြင်း (HPV)


လိင်အင်္ဂါမှာ ကြွက်နို့ပေါက်တဲ့ ရောဂါကို Wart လို့ ခေါ်ပါတယ်။ Human papillomavirus Virus ကြောင့်ဖြစ်လို့ HPV
ရောဂါလို့လည်း ခေါ်ကြပါသေးတယ်။ ဗိုင်းရပ်အမျိုးအစား (30) ရှိပြီး၊ အရည်အဖုပုံစံ၊ အခဲအဖုလေးတွေ ပုံစံဖြစ်တတ်ပါ
တယ်။ ကူးစက်နိုင်တဲ့ ရောဂါဖြစ်သလို အလွန်လည်း ကူးစက်လွယ်တဲ့ ရောဂါ ဖြစ်ပါတယ်။ ရောဂါပြင်းထန်လာပါက
လိင်အင်္ဂါကင်ဆာရောဂါ အခြေအနေထိ ဖြစ်စေနိုင်ပါတယ်။ ဆက်ဆံဘက် အမျိုးသမီးမှာလည်း အလွန်အန္တရာယ်ရှိတဲ့
ရောဂါ ဖြစ်ပါတယ်။ ဗြိတိန် အမျိုးသားကျန်းမာရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးကတော့ ” ဒီအခြေအနေမှာ ကွန်ဒုံးသုံးရင်
လည်း အပြည့်အ၀ အကာအကွယ် မရနိုင်ပါဘူး … အကြောင်းကတော့ Wart တွေဟာ လိင်အင်္ဂါနဲ့အနီးတစ်ဝိုက်၊ စအိုနဲ့ အနီးတ၀ိုက်မှာ ရှိနေလို့ပါဘဲ … အသားချင်း ထိကပ်မှုရှိတာနဲ့ ချက်ချင်း ကူးစက်သွားစေနိုင်ပါတယ် … လိင်ပိုင်း ဆိုင်ရာ အတွေ့အကြုံ ရှိခြင်း မရှိခြင်းနဲ့လည်း မဆိုင်ပါဘူး “လို့ ပြောခဲ့ပါတယ်။ ရောဂါပိုးရှိသူရဲ့ အ၀တ်အစားနဲ့ အသုံးအဆောင်
တွေကို သုံးစွဲမိပါကလည်း ရောဂါ ကူးစက်နိုင်ပါတယ်။

(၂) Herpes (ခေါ်) လိင်အင်္ဂါရေယုန်ပေါက်ခြင်း


ဒီရောဂါကလည်း အမျိုးသားတွေမှာ ကူးစက်မှုအများဆုံး ရောဂါဖြစ်ပါတယ်။ ဒါပေမယ့် လိင်ဆက်ဆံဘက်ကိုလည်း ကူး
စက်နိုင်ချေ အများကြီး ရှိပါတယ်။ ရောဂါပိုးရှိသူမှတစ်ဆင့် လိင်အင်္ဂါလမ်းကြောင်းမှာ ရေယုန်ပေါက်ခြင်း ဖြစ်ပါတယ်။ Herpes simplex virus type 2 (HSV-2), Herpes simplex virus type 1 (HSV-1) ဆိုတဲ့ ဗိုင်းရပ်ကြောင့် ဖြစ်တဲ့ ရောဂါပါ။ ဒီရောဂါပိုး ရှိသူရဲ့ အ၀တ်အစားနဲ့ အသုံးအဆောင်တွေကိုလည်း ဝေမျှ မသုံးစွဲသင့်ပါဘူး။ ဒီရောဂါအခြေအနေဟာ သာမန် အားဖြင့် ရိပ်မိဖို့ခက်ပြီး ပြည်ကဲ့သို့သော အရည်တွေ လိင်အင်္ဂါမှ ထွက်တတ်ပါတယ်။ မိမိမှာ ဒီရောဂါလက္ခဏာကို ခံစားနေရသလားဆိုတာ စစ်ဆေးသင့်ပါတယ်။

(၃) Chlamydia


အဖြစ်အများဆုံး လိင်ပိုင်းဆိုင်ရာ ကူးစက်မှု ရောဂါထဲမှာ ကလင်မီဒီးယားရောဂါက ထိပ်ဆုံးက ပါဝင်ပါတယ်။ ဒီရောဂါဟာ
Chlamydia trachomatis ဗက်တီးရီးယားကြောင့် ဖြစ်တဲ့ ရောဂါဖြစ်ပြီး အမျိုးသားတွေထက် အမျိုးသမီးတွေက ဖြစ်နိုင်
ချေ ပိုများပါတယ်။ အမျိုးသမီး 100 လျှင် 80%အထိ ကူးစက်ခံရနိုင်ချေရှိပြီး၊ အမျိုးသားတွေကတော့ 50% လောက်သာ ရှိပါတယ်။ အရမ်းကြီး စိုးရိမ်ရမယ့် ရောဂါမျိုးမဟုတ်ပေမယ့် အန္တရာယ်ကတော့ ကြာလေ ကြီးလေ ဖြစ်ပါတယ်။ အမျိုးသားတွေမှာဆိုရင် ဝှေးစေ့ယောင်ရမ်းခြင်း၊ နာကျင်ခြင်း လက္ခဏာ ပြတတ်ပါတယ်။ မိခင်မှာ ကလင်မီဒီးယား ရောဂါပိုးရှိနေရင် သန္ဓေသားလောင်းမှာလည်း ကူးစက်နိုင်ခြေ ရှိပါတယ်။ အမျိုးသမီးတွေမှာ ပြတတ်တဲ့ လက္ခဏာကတော့ ယောနိကနေ ပူ
ခြင်း၊ စပ်ခြင်း အရည်တွေ ဆင်းတတ်ပါတယ်၊ အဲဒီကနေမှ တစ်ဆင့် သားအိမ်ကို ကူးစက်နိုင်ပါတယ်။ လိင်ဆက်ဆံစဉ် သာမန်ထက် နာကျင်ခြင်းကိုလည်း ဖြစ်စေပါတယ်။ ဂရုတစိုက် ဆေးသောက်ရင် ပျောက်မယ့် ရောဂါပါ။
Credit- လင်းဇော်ကို (Shwemom)
source : thesun.co.uk