"ကဲ..ခင်ဗျားတို့ ဘယ်ဟာယူသွားကြမှာလဲ ဆုံးဖြတ်"
မကောင်းတာလုပ်တဲ့သူတွေက ကြီးပွားချမ်းသာနေပြီး
ကောင်းတာလုပ်တဲ့သူတွေက ဆင်းရဲမွဲတေနေကြလို့
ကံတွေအပေါ် လွဲမှားတဲ့သံသယ မဖြစ်မိကြပါစေနဲ့..
ခိုး၍ ချမ်းသာနေတာက အတိတ်ကံပါ..
ခိုးနေတာက ပစ္စုပ္ပန်ကံပါ..
သူများခိုးတိုင်း မခိုးနဲ့..
သူများလိမ်တိုင်း မလိမ်နဲ့..
ကျွတ်တမ်းဝင်နိုင်တဲ့ ခင်ဗျားတို့ကံတွေ အဟောသိကံ ဖြစ်ကုန်မယ်..
အနေတတ်မှ အသေမြတ်မှာ
အနေမှန်မှ အသေမှန်မှာ
အနေဖြောင့်မှ အသေဖြောင့်မှာ
နေရေးမှန်နေရင် ဟိုအသေ ပူစရာကို မလိုဘူး..
အဲဒီတော့ နေရေးနဲ့ သေရေး ဘယ်အရာ ပိုအရေးကြီးလဲ?..
ဘယ်လောက်ချမ်းသာသူဖြစ်ဖြစ်
တစ်ဝမ်းဝရုံအပြင် ပိုမစားနိုင်ဘူး..
ဘယ်လောက်ပင် နေစရာ တိုက်တာတွေပေါပေါ
ကျောတစ်ခင်းစာအပြင် ပိုမအိပ်နိုင်ဘူး..
ရှိထားသမျှစည်းစိမ်တွေ ဘယ်လောက်ပဲပေါပေါ
အကုန်လုံး ကိုယ်သုံးပိုင်ခွင့် မရသလို
သေရင်လည်း ကိုယ့်နောက်ပါသွားမှာ မဟုတ်ဘူး..
ဒီနေ့ အဆင်ပြေနေပေမယ့်
မနက်ဖြန် ပျက်စီးသွားနိုင်တာကို မမေ့ကြပါနဲ့..
ဘာမှ မမြဲဘူး..
ဘာမှ တစ်ကယ်မပိုင်ဘူး..
လောကမှာ အရေးကြီးဆုံးအလုပ်က
စစ်မှန်တဲ့တရားအဆုံးအမတွေကိ
စေတနာ အဆင့်အတန်းမြင့်ရင်
ဘဝအဆင့်အတန်း မြင့်မယ်..
စေတနာ အဆင့်အတန်းယုတ်ညံ့ရင်
ဘဝအဆင့်အတန်း ယုတ်ညံ့မယ်..
ဘယ်လောက်ပဲ ဆင်းရဲရဲ ဘယ်လောက်ပဲမွဲမွဲ
စေတနာ မယုတ်ညံ့ရင် ဘဝက မယုတ်ညံ့ပါဘူး..
ဒါကြောင့် ဘာအလုပ်ပဲလုပ်လုပ်
စေတနာအရင်းခံပြီးသာ လုပ်
ငြိမ်းအေးတဲ့ဓမ္မ ကိန်းနေမှ ငြိမ်းအေးတဲ့ဘဝကို ရမှာပါ..
ခင်ဗျားတို့နောက် တစ်ကယ်ပါသွားမှာက
ခု ခင်ဗျားတို့ လုပ်နေတဲ့ကုသိုလ်နဲ့ အကုသိုလ်ပဲ..
ခုနေတဲ့အိမ်ကြီးပါမယ်ထင်လား
ခုစီးနေတဲ့ နောက်ဆုံးပေါ်ကား ယူသွားလို့ရမယ်ထင်လား..
ခုချစ်နေတဲ့ ယောက်ျား မိန်းမနဲ့ကလေးတွေ ယူသွားလို့ရမယ်ထင်လား
"အို ယူသွားလို့မရဘူးဆိုတာသိပါတယ
ပါးစပ်ကတော့ တင်ပါ့ဘုရားပေါ့..
ခင်ဗျားတို့ဟာလေ တစ်ကယ်ယူသွားလို့မရတာကို
သိပါတယ်ဆိုပြီးကို မသိယောင်ဆောင် ပေလုပ်နေကြတာ..
ကျုပ်တို့ဘုန်းကြီးတွေ ဟောနေတုန်း ခဏပါပဲ..
တရားပွဲကစကား တရားပွဲမှာပဲ ထားခဲ့ကြတာ..
အိမ်ပြန်တဲ့ထိပါသွားတဲ့သူက ရှားတယ်..
တစ်ချို့ဆို အိမ်ထိပါသွားပေမယ့်
မနက်မိုးလင်းတာနဲ့ မေ့ပြီ..
လုပ်နေကျ အပါယ်သွားမယ့် အလုပ်တွေဆို
ဘယ်တော့မှ မမေ့ဘူး.
အံမာ မေ့မှာစိုးလို့ဆိုပြီး တစ်ချိန်လုံးတွေးနေတာကရှိသေ
တစ်နေ့တစ်နေ့ ဒါတွေနဲ့ပဲ လည်နေကြတာ..
ဒီလိုလည်နေရင်းနဲ့ကို ဒယ်အိုးထဲ ပြန်ရောက်မှာ..
ဒယ်အိုးတော့ ဘယ်သူမှကို ပြန်မသွားချင်တာ အပါယ်ကျမယ့်အလုပ်တော့ မစွန့်ချင်ကြဘူး..
ကဲ ဒီလိုနေလို့ ရမလား..
ဒီတော့ ခင်ဗျားတို့ ဘယ်ဟာကို ယူသွားကြမှာလဲ..
ဘာယူသွားသင့်လည်းဆိုတာ ခုကတည်းက ဆုံးဖြတ်ပြီး
လုပ်သင့်တာကို လုပ်ကြပါတော့....။
ဒယ်အိုးဆရာတော်ဦးသုမင်္ဂလ
စေတနာမေတ္တာအရင်းခံဖြင့် မျှဝေပူဇော်ပါသည်..။
Credit ohmarshin
ဓမ္မရေချမ်းစင်
