Our social:

Monday, December 19, 2016

ရန်ကုန်-ရေး-ထားဝယ် အဆန်ရထားပေါ်တွင် (၁)နှစ်အရွယ်မိန်းကလေးတဦး တွေ့ရှိ


ရန်ကုန်မှ မော်လမြိုင်သို့ထွက်ခွာလာသော ရန်ကုန်-ရေး-ထားဝယ် အဆန်ရထားအမှတ်(၁၇၅)ပေါ်တွင် (၁)နှစ်ခန့်အရွယ်ရှိ မိန်းကလေးတဦးအား အုပ်ထိန်းသူမဲ့တွေ့ရှိကြောင်း အမှတ် (၁၅) ရထား တပ်ခွဲ(မော်လမြိုင်) တပ်ကြပ်သန်းဦးနှင့် ဒုတပ်ကြပ်ထွန်းကြည်တို့ထံမှ သိရသည်။

"ကျွန်တော်တို့က ကလေးကို ဒီဇင်ဘာ ၁၉ ရက်နေ့ မနက် ၂ နာရီအချိန် ရထားပေါ်မှာတွေ့ရှိလို့ သက်ဆိုင်ရာအပိုင် နယ်မြေရဲစခန်းကို အကြောင်းကြားပြီး ကလေးကိုအပ်နှံခဲ့ပါတယ်။ ဒါနဲ့ ဆေးရုံတာဝန်ကျ ဆရာဝန်မက ဆေးစစ်ချက်ပြုလုပ်ခဲ့ပြီး လွှဲစာရေးပေးခဲ့တယ်။ ကလေးကိုတော့ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနကို စိတ္တသုခလူမှုကူညီရေးကားနဲ့ ပို့ဆောင်ကူညီပေးခဲ့ပါတယ်"ဟု ၎င်းက News Watch သို့ပြောသည်။

၎င်းကလေးငယ်ကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်အတွက် မော်လမြိုင်မြို့၊ ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးဌာနသို့ ပေါင်မြို့၊ စိတ္တသုခလူမှုကူညီရေးအသင်း၊ ရထားတပ်ခွဲမှ ရဲတပ်ကြပ်များနှင့်အတူ ပေါင်မြို့ ပြည်သူ့ဆေးရုံမှ တာဝန်ကျဆရာဝန်ဒေါက်တာ အိဖြိုးသူ၏လွှဲစာဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဝိသကြုံ
NewsWatch