“ဒုတိယရှံကရ(သို့မဟုတ်)မိုးပြာဦးဥာဏ”
ဒီစာလေးဖတ်ပြီးကောင်းမွန်စွာတွေးတောနိုင်ဖို့မျှော်လင့်မိပါတယ်။
မြန်မာ့အလင်းသတင်းစာ (၃-၁၂-၂၀၁၆ရက်
စနေနေ့ထုတ်)မှာ ဦးနေ၀င်းဆိုသူက မိုးပြာဦးဥာဏရဲ့ ပစ္စုပ္ဗန်ကမ္မ၀ါဒ
အယူဝါဒရေးရာဆိုင်ရာ စာအုပ်စာတမ်း အသံသွင်းခွေများ ထုတ်ဝေမယ်၊
ကန့်ကွက်နိုင်တယ်ဆိုပြီးတော့ ကြေငြာခဲ့တယ်။ ညွှန်ကြားရေးမှူး (ရန်ကုန်
တိုင်းဒေသကြီးသာသနာရေးမှူးရုံး)က ဥပဒေနဲ့အညီ ကန့်ကွက်ခဲ့တယ်။ လွှတ်တော်မှာ
သာဝန်ကြီးကိုယ်တိုင်ကလည်း မိုးပြာဦးဥာဏကို တရားစွဲမယ်လို့
သတင်းထောက်တွေကို ထုတ်ပြောခဲ့တယ်။ ဒီအခါမှာ လစ်ဘရယ်သမားလို့
ကိုယ့်ကိုယ်ကိုယ်ကို သတ်မှတ်ထားသူ အချို့နဲ့ မိုးပြာဂိုဏ်းသားများက
ဒီမိုရေစီခေတ်မှာ လွတ်လပ်စွာပြောရေးဆိုခွင့်မရှိဘူးလို့ အသံထွက်လာကြတယ်။
ဒါကြောင့် မိုးပြာဦးဥာဏနဲ့ သူ့အယူဝါဒနဲ့ပတ်သက်ပြီး ပြောပြချင် တာလေးတွေ
ရှိလာတယ်။ 

သာသနာတော်နှစ် (၁၂၀၀)ကျော်သောအခါ
အိန္ဒိယနိုင်ငံ ကေရလာပြည်နယ်တွင် ရှံကရ အမည်ရှိ ဗြဟ္မဏပဏ္ဍိတ်တယောက်
ပေါ်ပေါက်ခဲ့တယ်။ ရှံကရဟာ ဗုဒ္ဓဘာသာရဟန်း တော်များဖြစ်ကြတဲ့ ဒိန္နာဂနဲ့
ဓမ္မကိတ္တိတို့ ရေးသားစီရင်ထားတဲ့ တက္ကဗေဒကျမ်းများကို တ ဖက်ကမ်းခတ်
လေ့လာတတ်မြောက်ထားသူဖြစ်တယ်။ ဒါကြောင့် ရှံကရဟာ တက္ကဗေဒ နည်းကျ
စကားစစ်ထိုးရာမှာ ကျွမ်းကျင်လိမ္မာသူဖြစ်တယ်။
ရှံကရဟာ ဗုဒ္ဓဘာသာဂိုဏ်းကွဲများဖြစ်တဲ့
ယောဂါစာရဂိုဏ်းနဲ့ မဇ္ဈိမိကဂိုဏ်းများက အတွေး အခေါ်သဘောတရားများကို
ကူးယူပြီး အတ္တ၀ါဒ ဗြဟ္မဏ၀ါဒ ဖန်ဆင်းရှင်ဝါဒများကို ယုတ္တိ ရှိအောင်
ပြုပြင်ရေးသားပေးခဲ့တယ်။ အချင်းချင်းဆန့်ကျင်ဘက်ဖြစ်နေတဲ့ အတ္တ၀ါဒဆိုင်ရာ
ကျမ်းများကို ရှေ့နောက်ညီညွတ်အောင် ဖွင့်ဆိုချက်ကျမ်းများ
ရေးသားပေးခဲ့တယ်။ ဗုဒ္ဓ ဘာသာ ဘုန်းတော်ကြီးကျောင်းများကို အတုယူပြီးတော့
ဟိန္ဒူဘုန်းကြီးများကို ကျောင်း တိုက်များနဲ့ တစုတဝေးထဲနေစေပြီး
စနစ်တကျ အယူဝါဆိုင်ရာစာပေများ သင်ကြားပေးစေ ခဲ့တယ်။
ရှံကရဟာ
အိန္ဒိယနိုင်ငံတောင်ပိုင်းပြည်နယ်ရှိ ဘုရင်များကို သာသနာ့ဒါယကာအဖြစ်
သိမ်း သွင်းပြီး သာသနာပိုင်ရဟန်းမင်းအဖြစ် ဟိန္ဒူဘုန်းကြီးကျောင်းများကို
ကွပ်ကဲအုပ်ချုပ်ခဲ့ တယ်။ရှံကရဟာ ဗုဒ္ဓဘာသာရဟန်းတော်များနဲ့
အယူဝါဒယှဉ်ပြိုင်ပွဲများ မကြာခဏပြုလုပ်ဆင်နွှဲ လေ့ရှိတယ်။ ရှံကရဟာ
စကားပြောကျွမ်းကျင်သူဖြစ်တာကြောင့်ရယ်၊ ထိုအချိန်အခါက စာပေကျမ်းဂန်
ကျွမ်းတတ်မြောက်တဲ့ရဟန်းတော်များ အိန္ဒိယနိုင်ငံတောင်ပိုင်းပြည်နယ်
များမှာ မရှိတော့တာကြောင့် ရှံကရကသာ အမြဲအနိုင်ရရှိတယ်။ ရှံကရဟာ
သူအနိုင်ရရှိတဲ့ အခါမှာ ရှုံးတဲ့ရဟန်းတော်များကို ဗုဒ္ဓဘာသာကို
စွန့်လွှတ်စေပြီး ဟိန္ဒူဘာသာကို ကိုးကွယ် ခိုင်းခဲ့တယ်။ ဟိန္ဒူဘာသာကို
မကိုးကွယ်ပါက ပွက်ပွက်ဆူနေတဲ့ ထောပတ်အိုးကြီးထဲ နစ် သတ်စေခဲ့တယ်။
ရှံကရဟာ ဘာကြောင့် ဗုဒ္ဓဘာသာအပေါ် ဒါလောက်
ရက်ရက်စက်စက် ပြုလုပ်ခဲ့ရတာပါ လဲ။ ရှံကရဟာ တချိန်က
ဗုဒ္ဓဘာသာရဟန်းတော်တပါးဖြစ်ခဲ့တယ်။ သူဟာ ပါရာဇိကျတာ ကြောင့်
ရဟန်းကောင်းများက သူ့ကို လူဝတ်လဲစေပြီး သာသနာ့ဘောင်ကနေ နှင်ထုတ်ခဲ့ တယ်။
ဒါကြောင့် ရှံကရဟာ ဗုဒ္ဓဘာသာအပေါ် အငြိုးတကြီး ချေမှုန်းတိုက်ခဲ့တာဖြစ် တယ်။
မြန်မာနိုင်ငံသာသနာ့သမိုင်းမှာလည်း
ဒုတိယရှံကရတွေ အများအပြားပေါ်ပေါက်ခဲ့တယ်။ အထူးသဖြင့် ပါရာဇိကကျလို့
သာသနာတော်မောင်းထုတ်ခံရသူများ၊ ပါရာဇိကကျပြီး စိတ်
မလုံမခြုံဖြစ်နေသူများဟာ ထေရ၀ါဒပိဋကစာပေများကို ပုံဖျက်ပြီး
ထေရ၀ါဒဗုဒ္ဓဘာသာကို အငြိုးတကြီး တိုက်ခိုက်တတ်ကြတယ်။ ယနေ့အချိန်မှာ
ဒုတိယရှံကရအဖြစ် ထင်ရှားကျော် ကြားနေသူကတော့ မိုးပြာဦးဥာဏပဲဖြစ်တယ်။
မိုးပြာဦးဥာဏကို မကွေးတိုင်းဒေသကြီး
ပခုက္ကူခရိုင် ဂေါင်းကွဲကျေးရွာနေ ဦးမြဒင်+ဒေါ်လှ ထွန်းတို့က
၁၃၀၀ပြည့်နှစ် နယုန်လဆန်း(၃)ရက် အင်္ဂါနေ့မှာ မွေးဖွားခဲ့တယ်။ ၁၃၁၄ခုနှစ်
မှာ ဂေါင်းကွဲရွာတောင်ကျောင်းဆရာတော် ဦးပညာထံမှာ ကိုရင်အဖြစ် သာသနာ့ဘောင်
ဝင်ရောက်ခဲ့တယ်။ ဦးဥာဏဟာ စာပေကျမ်းဂန်များကို မန္တလေးမြို့
မစိုးရိမ်တိုက်ဟောင်း ဂန္ထဓူရကျောင်းမှာ သင်ယူခဲ့တယ်။ ပထမငယ်တန်း
ပထမလတ်တန်း ပထမကြီးတန်းများ အောင်မြင်ခဲ့တယ်။ ဓမ္မာစရိယတန်းကို
မအောင်မြင်ခဲ့။ အသက်(၂၅)နှစ်ထိ ပညာသင်ယူ ပြီး အသက်(၂၅)နှစ်ကျော်တဲ့အခါမှာ
တောထွက်ပြီး မန္တလေးတ၀ိုက်ရှိ တောရများမှာ တ ရားအားထုတ်ခဲ့တယ်။
မိုးပြာဦးဥာဏဟာ မင်းကွန်းရွာအနီး
ရွှေမြင်တင်တောင်ထိပ်မှာ တပါးနေပြီး တရားအား ထုတ်တယ်။ ၁၉၈၃ခုနှစ်မှာ
ရဟန္တာဖြစ်ပြီလို့ ကိုယ်တိုင်ကြေငြာခဲ့တယ်။ ဒါကြောင့် စစ်
ကိုင်းမြို့နယ်သံဃနာယကအဖွဲ့က ၀ိနည်းဓိုရ်အဖွဲ့နဲ့ စစ်ဆေးတဲ့အခါမှာ
ရဟန္တာမဟုတ် ကြောင်း စစ်ဆေးပေါ်ပေါက်လို့ စတုတ္ထပါရာဇိကကျတယ်ဆိုပြီး
လူဝတ်လဲစေခဲ့တယ်။ တိုင်းဝိနည်းဓိုရ်အဖွဲ့နဲ့ ဗဟိုဝိနည်းဓိုရ်အဖွဲ့ကလည်း
စတုတ္ထပါရာဇိကကျတယ်လို့ တညီတ ညွတ်ထဲ ဆုံးဖြတ်ခဲ့တယ်။
ဒါကြောင့် မိုးပြာဦးဥာဏက “အ၀ါဝတ်မှ
ဘုန်းကြီးမဟုတ်ဘူး။ အပြာဝတ်လည်း ဘုန်းကြီး ဖြစ်တယ်ကွ” လို့
ကြွေးကြော်ပြီး အပြာရောင်ဝတ်စုံကို ၀တ်ဆင်ကာ ထေရ၀ါဒဗုဒ္ဓဘာသာ ကို
စတင်တိုက်ခိုက်ခဲ့တယ်။ ဒါကြောင့် ၁၉၈၃ခုနှစ်မှာ
သာသနာတော်ဆိုင်ရာဥပဒေများနဲ့ စစ်ကိုင်းတိုင်းသာသနာရေးမှူးရဲ့
တရားစွဲဆိုခြင်းခံရပြီး ထောင်ကျခဲ့တယ်။ ၁၉၈၆ခုနှစ်မှာ
တိပိဋကဓရမင်းကွန်းဆရာတော်ဘုရားကြီးရဲ့မေတ္တာရပ်ခံပေးမှုအရ အစိုးရက ထောင်က
နေလွှတ်ပေးခဲ့တယ်။ ထောင်ကနေလွတ်တဲ့အခါမှာလည်း မိုးပြာဦးဥာဏဟာ ထေရ၀ါဒ
ဗုဒ္ဓဘာသာကို အငြိုးတကြီးဆက်လက်တိုက်ခိုက်နေခဲ့တယ်။
မိုးပြာဦးဥာဏဟာ
ထေရ၀ါဒပိဋကစာပေကျမ်းဂန်များကို လိုသလိုပုံဖျက်ပြီး ဗုဒ္ဓအလိုအရ
ရှေ့ဘ၀နောက် ဘ၀မရှိ၊ သံသရာမရှိ၊ နိဗ္ဗာန်မရှိ၊ ကုသိုလ်ကောင်းမှုမပြုရ၊
ဥပုသ်သီလ ဆောက်တည်ခြင်းသည် အလကားအလုပ်၊ သုံးဆယ့်တဘုံမရှိ၊
အဘိဓမ္မာသည်ဘုရား ဟောမဟုတ်၊ လူကလွဲရင် ဘယ်သူ့ကိုမဆို သတ်ကောင်းတယ်၊
အများပိုင်ပစ္စည်း နိုင်ငံပိုင် ပစ္စည်းကို ခိုးကောင်းတယ် သီလမပျက်ဘူး၊
စေတနာကောင်းနဲ့လိမ်ရင် မုသာဝါဒကံမထိုက်ဘူး၊ ဘယ်အမျိုးသမီးကိုမဆို
အလိုတူဆက်ဆံရင် ကာမေသုမိစ္ဆာစာရကံမထိုက်ဘူး အလိုဆန္ဒဖြည့်ပေးရာရောက်လို့
ကုသိုလ်တောင်ရသေးတယ်စသဖြင့် ဟောပြောပြီး ထေရ၀ါဒဗုဒ္ဓဘာသာကို
တိုက်ခိုက်ခဲ့တယ်။
ဦးဥာဏဟာ ထောင်ကျလိုက် ပြန်လွှတ်လိုက်
ထေရ၀ါဒဗုဒ္ဓသာသနာတော်ကို တိုက်ခိုက် လိုက်နဲ့ ချာလည်လိုက်ရင်း
အချိန်ကုန်နေခဲ့တယ်။ မိုးပြာဦးဥာဏဟာ သမ္မတဦးသိန်းစိန်ရဲ့
လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ယခုအခါမှာ ထောင်ထဲကနေ ပြန်လွတ်လာခဲ့
ပြန်ပြီဖြစ်တယ်။ မိုး ပြာဦးဥာဏဟာ ဒီမိုကရေစီထီးရိပ်ခိုပြီး
သူ့အယူဝါဒကို ထပ်မံအသက်သွင်းဖို့ ကြိုးစားလာ ပြန်တယ်။
ဘဒ္ဒန္တအဂ္ဂဥာဏဦးဆောင်တဲ့ ဆရာတော်ခြောက်ပါးက
မိုးပြာအယူဝါဒကို ဓမ္မ အဓမ္မအဖြစ် စိစစ်ဆုံးဖြတ်ပေးဖို့
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကို တိုင်ကြားခဲ့တာကြောင့် ၁၃၇၃ခု နှစ်
ပြာသိုလပြည့်ကျော်(၉ )ရက် (၂၈-၁-၂၀၁၀) သောကြာနေ့မှာ နိုင်ငံတော်သံဃမဟာ
နာယအဖွဲ့က နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၁၇/၂၀၁၀)ကို
ဖွဲ့စည်းပေးပြီး မိုး ပြာဝါဒကို ဓမ္မ အဓမ္မ၀ါဒအဖြစ်
စိစစ်ဆုံးဖြတ်စေခဲ့တယ်။ တည်ဆဲဥပဒေအရ ၀ိနည်းဓိုရ်ရုံး မှာ
စုဒိတက(စွပ်စွဲသူ)များရဲ့ စွပ်စွဲချက်များကို
ပြန်လည်ဖြေရှင်းခွင့်ပေးခဲ့သော်လည်း လာ ရောက်ဖြေရှင်းခြင်း မပြုခဲ့ဘူး။
မိုးပြာဦးဥာဏဟာ အဓမ္မ၀ါဒအဖြစ်ကနေ
ရှောင်လွှဲဖို့အတွက် သူ့အယူဝါဒသည် ထေရ၀ါဒ ဗုဒ္ဓဘာသာအယူဝါဒမဟုတ်၊
ပစ္စုပ္ဗန်ကမ္မ၀ါဒဗုဒ္ဓဘာသာဖြစ်တယ်လို့ ကြေငြာပြီး ဗုဒ္ဓဘာ
သာဂိုဏ်းခွဲတခုအဖြစ် တည်ထောင်လိုက်တယ်။ သို့သော်လည်း ၁၉ ၈၀ပြည့်နှစ်
ဖေဖ၀ါရီ လ(၁)ရက်နေ့မှာ ပြဋ္ဌာန်းထားတဲ့ သံဃအဖွဲ့အစည်းအခြေခံစည်းမျဉ်းဥပဒေ
အခန်း(၂) အ ပိုဒ်(၄)အရ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာဂိုဏ်းခွဲ
အသစ်ထပ်မံထူထောင်ခွင့် လုံးဝမရှိတော့ ဘူး။ ဥပဒေကိုလိုက်နာခြင်းမပြုပါက
ထောင်ဒဏ်ကျခံရမှာဖြစ်တယ်။
မိုးပြာဦးဥာဏအနေနဲ့ သူ့အယူဝါဒဟာ
ထေရ၀ါဒဗုဒ္ဓဘာသာအယူဝါဒမဟုတ်ဘူး။ ပစ္စုပ္ဗန် ကမ္မ၀ါဒဗုဒ္ဓဘာသာဖြစ်တယ်လို့
ဂိုဏ်းသီးခြားအဖြစ် ထမင်းရည်လျှာပူလွှဲ ကြေငြာခဲ့သော် လည်း
ထေရ၀ါဒဗုဒ္ဓဘာသာ ပိဋကစာပေများကို လိုသလိုပုံဖျက်ပြီးတော့
ဝါဒဖြန့်ချိန်နေခြင်း သာဖြစ်တယ်။
အကယ်၍ မိုးပြာဦးဥာဏအနေနဲ့ သင်္ဂါယနာတင်
ထေရ၀ါဒဗုဒ္ဓဘာသာ ပိဋကစာပေကျမ်း ဂန်များကို ပုံဖျက်ပြီး
အသုံးမပြုဘူးဆိုရင်၊ ဗုဒ္ဓဘာသာဂိုဏ်းခွဲမဟုတ်ပဲ ကိုယ်ပိုင်အယူအဆ
အဖြစ် ရပ်တည်မယ်ဆိုရင် တည်ဆဲဥပဒေများနဲ့ ကင်းလွတ်ခွင့်ရမှာပဲဖြစ်တယ်။
ရှင်းရှင်း ပြောရမယ်ဆိုရင် မိုးပြာဦးဥာဏအနေနဲ့ ကရင်ပြည်နယ်က
ဖိုးတခေတ်လို ဘာသာအယူဝါ ဒ အသစ်တခု ထူထောင်လိုက်မယ်ဆိုရင်
ထေရ၀ါဒသံဃအဖွဲ့အစည်းက မည်သို့မှ ပြုလုပ် မှာ မဟုတ်တော့ဘူး။ သို့သော်
မိုးပြာဦးဥာဏအနေနဲ့ ဖိုးတခေတ်လောက်တောင် သွေးရှိ ဟန်မတူပါ။
လစ်ဘရယ်ဆိုသူများက
လွတ်လပ်စွာပြောရေးဆိုခွင့်ဟုဆိုကာ တစခန်းထကြပြန်ပါတယ်။
မိုးပြာဦးဥာဏသည် လွတ်လပ်စွာပြောဆိုနေတာ မဟုတ်ပါ။
အဖွဲ့အစည်းအတွင်းနေပြီး အဖွဲ့အစည်းရဲ့စည်းကမ်းကို
ဖောက်ဖျက်နေခြင်းသာဖြစ်တယ်။ အဖွဲ့အစည်းအပြင်က ရပ် တည်နေသူဟု
ဆိုပြန်ပါရင်လည်း သူတပါးအဖွဲ့အစည်းကို ဖျက်စီးတိုက်ခိုက်နေတဲ့သူသာ
ဖြစ်တယ်။
နောက်ထပ် လစ်ဘရယ်သမားဆိုသူများ
သတိမထားမိတာ တခုရှိတယ်။ အဲဒါကတော့ နိုင်ငံရေးကြောင့်
ကွဲပြဲနေတဲ့နိုင်ငံကို ဘာသာရေးအကွဲနဲ့ ကွဲကြောင်းဆက်သွားရင် ဘယ် လောက်ထိ
အန္တရာယ်ကြီးတယ်ဆိုတာကိုပါပဲ။ တချို့ကလည်း သတိထားတော့ ထားမိပါ လိမ့်မယ်။
သို့သော်လည်း အကျိုးစီးပွားတခုခုကြောင့် မျက်စိမှိတ်ပြီး
ပြောနေကြတာဖြစ်ပါ လိမ့်မယ်။
ထေရ၀ါဒဗုဒ္ဓဘာသာအဖွဲ့အစည်းမှာသာမဟုတ်
အဖွဲ့အစည်းတိုင်းမှာ သတ်မှတ်ချက် မူ ဘောင်စည်းကမ်းဆိုတာ ရှိတယ်။
မဟာယာနဗုဒ္ဓဘာသာအဖွဲ့အစည်းမှာ မူဘောင်စည်း ကမ်း(၅)ချက်ရှိတယ်။
၁။ အာလယ၀ိညာဉ် – ပြုသမျှသော ကုသိုလ်ကံ
အကုသိုလ်ကံမျိုးစေ့များ၏ သိုမှီးသိမ်း စည်းရာဌာနဖြစ်သော အာလယ၀ိညာဉ်ခေါ်
ခုနှစ်ခုမြောက်သတ္တမ၀ိညာဉ်ရှိ သဘောတ ရား။
၂။ တထတာ – အာလယ၀ိညာဉ်၏တည်မှီရာ
မူရင်းအကြောင်းတရား တထတာကို ပရမတ္ထသစ္စာဟုခေါ်သည်။ နိဗ္ဗာန်ဆိုသည်မှာ
တည်ငြိမ်နေသော တထတာကိုပင်ခေါ် သည်။
၃။ တထာဂတ – သတ္တ၀ါသည်
တထတာ၏အသွင်ပြောင်းမှုဖြစ်၍ တထတာမှပေါ်ထွက် လာ၍ တထာဂတမည်၏။ တနည်းအားဖြင့်
သတ္တ၀ါသည် တထတာအဖြစ်သို့ ပြန်လည် ရောက်ရှိသွားသောကြောင့် တထာဂတမည်၏။
(လောကကြီးတခုလုံးဆိတ်ငြိမ်၍ တထ တာအဖြစ်သို့ရောက်သောအခါ သတ္တ၀ါသည်လည်း
တထတာအဖြစ်သို့ ရောက်သွား သည်။)
၎။ တထာဂတဂဗ္ဘ – တထတာသည်ပင်လျှင် တထာဂတခေါ်သောသတ္တ၀ါ၏ မူလအစ ကိန်းအောင်ရာ တိုက်ခန်း(၀မ်းဗိုက်)ဖြစ်သောကြောင့် တထာဂတဂဗ္ဘလည်းမည်၏။
၅။ ဓမ္မဓာတု – တထတာမှ အသွင်းပြောင်းရန်
လှုပ်ခတ်ချောက်ချားလာသောအခါ ပေါ် ထွက်လာသော လှုပ်ရှားမှု တစ်ခုစီ
တစ်ခုစီတို့၏ လှုပ်ရှားမှုအားလုံးကို စုပေါင်းခေါ်ဝေါ် သော
စကြာဝဠာလောကဓာတ်ကြီးသည် ဓမ္မဓာတုမည်၏။
အထက်ပါမူဘောင်စည်းကမ်းချက်
ငါးခုကိုလိုက်နာလက်ခံမှ မဟာယာနဗုဒ္ဓဘာသာအဖြစ်
မဟာယာနဗုဒ္ဓဘာသာအဖွဲ့အစည်းက အသိအမှတ်ပြုလက်ခံတာဖြစ်ပါတယ်။ ထိုမူဘောင်
စည်းကမ်းချက်များနဲ့ မကိုက်ညီပဲ မဟာယာနဗုဒ္ဓဘာသာအဖွဲ့အစည်းအဖြစ် ကြေငြာရင်
မဟာယာနဗုဒ္ဓဘာသာအဖွဲ့အစည်းက ထိုက်သင့်သလိုတုန့်ပြန်သွားမှာပဲဖြစ်ပါတယ်။
ထေရ၀ါဒဗုဒ္ဓဘာသာအဖွဲ့အစည်းမှာလည်းပဲ အခြေခံမူဘောင်စည်းကမ်းသုံးချက် ရှိပါ တယ်။ အဲဒါတွေကတော့
၁။ ဘုရားရှင်ဟောကြားတာကိုလည်း မပယ်ရဘူး။
၂။ ဘုရားရှင် မဟောကြားတာကိုလည်း ထည့်သွင်းခြင်းမပြုရဘူး။
၃။ ဘုရားရှင်ဟောကြားချက်ကို မူလ အရှိပကတိအတိုင်း လိုက်နာလက်ခံရမယ်။
ဒီသုံးချက်နဲ့ မကိုက်ညီပဲ
ထေရ၀ါဒဗုဒ္ဓဘာသာ အဖြစ် ကြေငြာခဲ့ရင် ထေရ၀ါဒဗုဒ္ဓဘာသာအဖွဲ့အစည်းက
ထိုက်သင့်သလို တုန့်ပြန်သွားကြ မှာပဲ ဖြစ်ပါတယ်။
အချုပ်အားဖြင့် ပြောရမယ်ဆိုရင်
မိုးပြာဦးဥာဏအနေနဲ့ ထေရ၀ါဒပိဋကစာပေများ ဖျက်လို ဖျက်စီးမပြုလုပ်ရင်၊
ဗုဒ္ဓ၀ါဒထီးရိပ်မှာမခိုတော့ပဲ ကိုယ်ပိုင်ဘာသာအသစ်တခုအဖြစ် ရပ်
တည်လိုက်မယ်ဆိုရင် ထေရ၀ါဒဗုဒ္ဓဘာသာအဖွဲ့အစည်းနဲ့
ထိပ်တိုက်မတွေ့တော့ဘူးဆို တာပါပဲ။
( မိုးသု – မန္တလေး )
