Our social:

Saturday, December 17, 2016

နေ့စဉ်ကွေကာအုပ် သောက်ခြင်းကြောင့် ရရှိနိုင်သည့် ကျန်းမာရေးအကျိုးကျေးဇူးများ



အုတ်စပါးတွေက ကောက်နှံတစ်ခုလုံး ပါဝင်တဲ့အတွက် သင့်ကျန်းမာရေးကောင်းစေနိုင်တဲ့ အာဟာရဓာတ်တွေ များစွာ ပါဝင်ပါသည်။ နေ့စဉ်ကွေကာအုတ်တစ်ခွက် သောက်တာကြောင့် အောက်ပါ အကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။
နှလုံးကျန်းမာရေးကောင်းမွန်စေနိုင်
အုတ်စပါးမှာပါဝင်တဲ့.. ရေမှာ ပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်တွေဟာ နှလုံးရဲ့ သွေးကြောကျန်းမာရေးကို ကောင်းမွန်စေနိုင်ပါတယ်။ သူ့မှာ ပိုတက်စီယမ်နဲ့ ကယ်လ်စီယမ်လည်း ပါဝင်တာမို့ သွေးဖိအားကျဆင်း (သွေးတိုးရောဂါအတွက်) အထောက်အကူပြုပါတယ်။
ကိုယ်အလေးချိန်ထိန်းသိမ်းနိုင်
အုတ်စပါးကို အစာခြေတာ နှေးကွေးနိုင်တာမို့ ၀မ်းဗိုက်ဖြည့်တင်းမှု အချိန်အကြာကြီးရရှိနိုင်တဲ့အတွက် ဆာလောင်မှုမရှိနိုင်တော့ပါ။
အာဟာရဓာတ်များစွာပါဝင်နိုင်
အုတ်စပါးမှာ အဆီပါဝင်မှုနည်းပါတယ်။ ပြည့်ဝဆီလုံးဝမပါဝင်ပါ။ သူ့မှာ ပရိုတင်းပါဝင်တဲ့အပြင် သံဓာတ်၊ ကော့ပါး၊ ဖော့စပရပ်စ်နဲ့ သွပ်ဓာတ်လည်း ပါဝင်ပါတယ်။
စွမ်းအင်ပိုမိုရရှိနိုင်
နံနက်စာအဖြစ် ကွေကာအုတ်တစ်ခွက် သောက်တာကြောင့် တစ်နေ့တာလုံးအတွက် စွမ်းအင်ပြည့်ဝစေနိုင်ပါတယ်
ဆီးချိုရောဂါမှကာကွယ်နိုင်
အုတ်စပါးက Glycemic Index (GI) နည်းပါးတဲ့ အစာဖြစ်တဲ့အတွက် ဆီးချိုရောဂါမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ Low GI အစားအစာတွေက အင်ဆူလင်ကို ခံနိုင်အား လျော့နည်းသွားတာကြောင့်ပါ။
အရေပြားကိုကာကွယ်နိုင်
အုတ်စပါးဟာ အရေပြားရဲ့ pH (အက်စစ်-အယ်ကာလီအချိုး)ကို ပုံမှန်ဖြစ်အောင် ထိန်းညှိပေးတာမို့ အရေပြားယားယံတာကို သက်သာစေနိုင်တယ်လို့ အမေရိကန်အရေပြားအကယ်ဒမီက ထုတ်ပြန်ထားပါတယ်။ အုတ်စပါးနဲ့ ရေချိုးတာေ
ကြာင့် အရေပြားအတွင်း အစိုဓာတ်ကို ရရှိစေတဲ့အတွက် နှင်းခူနဲ့ အင်ပျဉ်ထတာလိုမျိုး အရေပြားယားယံတဲ့ ဝေဒနာတွေ သက်သာစေနိုင်ပါတယ်။

Ref-ကျန်းမာရေးအတွက် ဆေးတစ်ခွက်