လက်ထပ်ပွဲနေ့မှာ ဂိမ်းဆိုင်ထဲကမနည်းဆွဲထုတ်ခဲ့ရတဲ့ သတို့သမီးလောင်း

တရုတ်နိုင်ငံမှာ ကျင်းပတဲ့ မင်္ဂလာပွဲတစ်ခုမှာတော့ သတို့သမီးဟာ လက်ထပ်ဝတ်စုံကြီး ၀တ်ထားပါလျှက်နဲ့ ဂိမ်းကို အဆက်မဖြတ်နိုင်လို့ လက်ထပ်ပွဲကို မသွားဘဲ ဂိမ်းထိုင်ပြီး ဆော့နေတာမို့ တော်တော်လေး ကို့ရို့ကားယားနိုင်ခဲ့တယ် ဆိုရမှာပါ။ သူမဟာ ကမ္ဘာတစ်ဝှမ်းမှာ ခေတ်စားနေတဲ့ League of Legends ဂိမ်းကို ဆော့နေတာလို့ သိရပါတယ်။
ဒေါသထွက်နေတဲ့ သတို့သားနဲ့ သတို့သမီးရဲ့ မိဘတွေဟာ သည်းမခံနိုင်တော့ဘဲ သူမကို အတင်းအကြပ် ခေါ်ဖို့ ပြင်ဆင်
ကြပါတော့တယ်။ သတို့သမီးကတော့ ဂိမ်းကို ပြီးအောင် ဆက်ပြီးဆော့မှာလို့ ဆုံးဖြတ်ထားပုံရပြီး၊ လာခေါ်တဲ့သူတွေ
နောက်ကို လိုက်ဖို့ ငြင်းဆန်ကာ ဂိမ်းကိုပဲ စိတ်ပါလက်ပါ ဆော့နေပါတယ်။
နောက်ဆုံးမှာ သတို့သမီးက တစ်မိနစ်လောက် စောင့်ပါဦးလို့ ပြန်အော်ခဲ့ပါတယ်။ အဲဒီမှာ သတို့သမီးရဲ့ ယောက္ခမဖြစ်မယ့်သူက ” လာပါ ကလေးရယ် … ငါတို့ သွားမှဖြစ်တော့မယ်လေ”လို့ ပြောခဲ့ပါတယ်။ သတို့သားရဲ့ ပျော့တိပျော့ဖက်ပုံစံကို သဘောမကျလို့ ဖခင်က မျက်နှာကိုဖြတ်ရိုက်ပြီး ” မင်း ဘာလုပ်နေတာလဲ မင်း မိန်းမကိုတောင် မင်း မထိန်းချုပ်နိုင်ဘူးလား “လို့ မာန်မဲခဲ့ပါတယ်။
အဲဒီနောက်မှာတော့ သတို့သားနဲ့ အပေါင်းအပါတွေဟာ သတို့သမီးကို အတင်းအကြပ်ချုပ်နှောင်ပြီး လက်ထပ်ပွဲရှိရာကို ဆွဲခေါ်သွားတာကို တွေ့ရပါတယ်။ သတို့သမီးဟာ လမ်းမတစ်လျှောက် ဆွဲခေါ်သူတွေကို ကန်ကြောက် ကျိန်ဆဲရင်း
လိုက်ပါသွားပါတယ်။
Source : Shwemom.com